Sunday, April 27, 2008
Zhang Dong Lian (Nicolas Teo)
張棟樑 a.k.a Zhang Dong Lian (Nicolas Teo) ဆိုတာ က တော့ မနေ့ တစ် နေ့ ကမှ နာမည် ရလာ တယ့် မလေးရှား က ချာ တိတ် လေးပါ။ အသက် (၂၅) နှစ် ရှိတဲ့ Nicolas ဟာ တိုင်ဝမ် မှာ စာသင် စဉ်တုန်း က အဆို ပြိုင် ပွဲ တွေ မှာ ဆု တွေ ရခဲ့ဖူး ပါတယ်။ အစ တုန်း က ကျနော် က သူ့ကို ရုပ်ရည် နဲ့ လုပ်စား နေ တဲ့ သူ လို့ သာ ထင် ခဲ့ တာပါ။ ဒီ အတွေး ဟာ လုံး ၀ မှား ကြောင်း သူ့ရဲ့ 主打張棟樑 (Only Nicolas) Album ကို နား ထောင် မိမှ သိသွား ခဲ့ ပါတယ်။ 只因为你 Zhi Ying Wei Ni (Only You) ဟာ တရုတ် သီချင်း ဈေး ကွက် မှာ တော် တော် နာမည် ရ ခဲ့ ပါတယ်။ ဒီ ခွေ ထဲ မှာ 痛彻心扉 Tong Che Xin Fei ကို လည်း အတော်နှစ် ခြိုက် ခဲ့ ပါ တယ်။ အရင် ခွေ တွေ ကို ပြန် ရှာ ပြီး နား ထောင် ကြည့် ပါတယ်။ အဲဒါနဲ့ 首选张栋梁 album ထဲက 当你孤单你会想起谁 နဲ့ 付出 တို့ ကလည်း အလွန် ကောင်း တဲ့ သီ ချင်း တွေ ပါ။ တစ်ခု ပဲ ပြော စရာ ရှိ တာ . . . သူ့ သီချင်း တွေက ချက် ချင်း နား စွဲ လွယ်ပါတယ် C G Am F ပုံ စံတွေ သိပ် များ လွန်း တယ်။ Style တွေ ထပ် တယ် ပေါ့ ဗျာ။ easy listening နားထောင် ချင် တဲ့ သူ တွေ အကြိုက် ပါ ပဲ။ သူ နောက် ဆုံး ထွက် ထား တဲ့ 王子 wang zhi (prince) album ကို တော့ သိပ်မကြိုက် ပါ။ 错了再错 နဲ့ 王子 (၂) ပုဒ် လောက်ကို သာ စွဲစွဲ မြဲမြဲ နား ထောင်မိ ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment