Tuesday, May 13, 2008

Zhang Shao Han - Doll's Eye

ဂျ ပန် မ လေး နဲ့ တူ တဲ့ အန် ဂျ လာ ချန်း (ချန်း စို ဟန်) ကို ကျ နော် အ ရင် သိ စဉ် က "လာ ပြန် ပြီ နောက် ထပ် ရုပ် ရှင် မင်း သ မီး တစ် ယောက် သီ ချင်း ဆို ပြန် ပြီ" လို့ဆိုပြီး အ ထင် သိပ် မ ကြီးခဲ့ တာ အ မှန် ပါ။ ပ ထ မ ဆုံး သူ့ခွေ ဖြစ် တဲ့ Yu Yan (ပုံပြင်) ထွက် တော့ နည်း နည်း တော့ ဖြုံ သွား ခဲ့ ပါ တယ်။ နောက် တော့ ကျ နော် ကြိုက် တဲ့ အမျိုး သ မီး အ ဆို ရှင် ထဲ မှာ အ ပါ အ ၀င် တစ်ယောက် ဖြစ် လာ ခဲ့ ပါ တယ်။

ထိုင်ဝမ် မှာ မွေးပြီး ၁၂နှစ် သမီး အရွယ် ထဲက ကနေဒါ နိုင်ငံ မှာ ကြီးပြင်း ခဲ့ သူ ဖြစ်ပြီး ငယ်စဉ် ကတည်း က ဂီတကို ၀ါသနာ ပါခဲ့ ပါ တယ်။ ငယ်ငယ်က ဗန်ကူးဗားမှာ အဆိုပြိုင်ပွဲ ၀င်ပြိုင် တုန်း က တည်း က အင် ဂျ လာ ဟာ တစ်နေ့ မှာ အောင်မြင်တဲ့ အဆိုရှင်တစ်ဦး ဖြစ်ရမယ်လို့ ရည်မှန်းခဲ့သူပါ။ အကြောင်း အမျိုးမျိုးကြောင့် သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့ ပေမယ့် နောက်ဆုံး မှာ တော့ ဂီတ လိုင်းကို ပြန်လည် ခြေချ ခဲ့ပါတယ်။ သူဟစ် ဖြစ်ခဲ့ တာ ကတော့ pandora ဆိုတဲ့ album ရောက်မှပါ။ သူမရဲ့ အသံကိုတော့ ပြောရရင် ကလေး တစ်ယောက်ရဲ့ အသံနဲ့ တူတယ်လို့ပဲ ဆိုရမလားပဲ။ အသံ သေးသေး လေးပေမယ့် ပါဝါရှိ တယ်။ သူနဲ့ လိုက်မယ့် ကီးကို ရအောင် ညှိဆိုနိုင် တဲ့ အတွက် သီချင်း တွေက လိုက်ဖက်ပြီး နားထောင် ကောင်းတဲ့ သီချင်းတွေ ဖြစ်လာ ခဲ့ပါတယ်။ unique ဖြစ်တဲ့ အသံပါ။ နားထောင်လိုက်တာနဲ့ ဒါ အင်ဂျလာဆိုထားတာ လို့ တန်းပြောနိုင်ပါတယ်။ ခုဆိုရင် သူ့အသက် ၂၆ ရှိပါပြီ။ ရှေ့လျှောက် အောင်မြင်ဖို့ အများကြီး လမ်းစရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ တီဗွီ ဇာတ်လမ်းတွဲ တွေတော်တော် များများမှာ ၀င်ရောက် သရုပ်ဆောင်ခဲ့ပါတယ်။


မ နှစ် က ထွက် ခဲ့ တဲ့ အိပ် မက် ထဲ က ပန်း အ ခွေ က တော့ သူ့ ခွေ တွေ ထဲမှာ ကျ နော် အ ကြိုက် ဆုံး ပါ ပဲ။ သူ့ရဲ့ တစ်ကိုယ် တော် ၄ ခွေ မြောက် ဆိုလည်း မမှား ပါဘူး။ ဒီ အ ခွေ မှာ အင်ဂျလာ ဟာ အဆို ပညာ အ များ ကြီးကို ရင့် ကျက် လာ တာ တွေ့ ရ ပါ ပြီ။ ဒီနှစ် စ တုန်း က Ang 5.0 ဆိုတဲ့ သူမရဲ့တစ်ကိုယ်တော် သီချင်း အသစ် အခွေ ထွက်ရှိ ခဲ့ပါတယ်။ ဒီ ခွေ မှာ သီ ချင်း စ တိုင်လ်တွေ နည်း နည်း ပြောင်း သွား ပေ မယ့် သီချင်း ကျော ရိုး က တော့ သူဆိုနေကျ စ တိုင်လ် ပါ ပဲ။ ဝေ ဖန် ရေး တော် တော် များ များ က ဒီခွေကို သိပ် မကြိုက် ကြ ပါ ဘူး။ ဂျေချိုး တစ်ပုဒ် ၀င်ပြီးရေးပေးထားတာလည်း တွေ့ရပါတယ်။ စတုတ္ထမြောက် သီချင်း Chuang Bian Gu Shi ကိုတော့ ဒီ ခွေမှာ အကောင်းဆုံးလို့ အားလုံးက လက်ခံထားကြပါတယ်။

潘朵拉 (Pan Duo La / Pandora) ပင်ဒိုရာ
01 隐形的翅膀 (Yin Xing De Chi Bang) မမြင်နိုင်တဲ့ တောင်ပံများ
02 潘朵拉 (Pan Duo La) ပင်ဒိုရာ
03 香水百合 (Xiang Shui Bai He) ရေမွှေးပန်း
04 真的 (Zhen De) တကယ်ပါ
05 最近 (Recently) အနီးဆုံး
06 惊天动地 (Jing Tian Dong Di) ငလျင်
07 保护色 (Bao Hu Se) တားမြစ်အရောင်
08 口袋的天空 (Kou Dai De Tian Kong) ကောင်းကင်ရဲ့ အိပ်ကပ်ထဲ
09 爱情旅程 (Ai Qing Luu Cheng) ချစ်ခရီး
10 喜欢你没道理 (Xi Huan Ni Mei Dao Li) အကြောင်းမဲ့ချစ်ခြင်း
11 永昼 (Yong Zhou) အဆုံးမရှိတဲ့နေ့
12 手心的太阳 (Shuo Xin De Dai Yan) နေမင်းလက်ဝယ်

梦里花 (Meng Li Hua) အိပ်မက်ထဲက ပန်းပွင့်လေး
01 梦里花 (Meng Li Hua) အိပ်မက်ထဲက ပန်းပွင့်လေး
02 不痛 (Bu Tong) နာကျင်မဲ့
03 C大调 C Major
04 样子(Yang Zi) ရုပ်လွှာ
05 幻想爱(Huan Xiang Ai) အချစ်ကိုစိတ်ကူးယဉ်

Ang 5.0 အန် ၅.ဝ

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)


Wednesday, May 7, 2008

Fan Wei Qi - Nature's Diva

2000 နှောင်းပိုင်း မှ သိ ခဲ့ ရ တဲ့ female singer တွေ ထဲ မှာ 范玮琪 Fan Wei Qi (Fan Fan) ကို ကျ နော် အ လွန် ကြိုက် နှစ်သက် ပါ တယ်။ သူ့ ဟာ သူ များ နဲ့ မ တူ တဲ့ natural look နဲ့ natural voice တွေ ကို ပိုင် ဆိုင် ထား တဲ့ အ မျိုး သမီး အ ဆို ရှင် တစ် ဦး ပါ။ နောက် တစ် ခု ကျ နော့် ကို စွဲ ဆောင် နိုင် တာ က သူ ဆို ထား တဲ့ အချို့သော သီချင်းတွေဟာ သာမန် ထက် ထူးခြားတဲ့ pitch အနိမ့် အမြင့် နဲ့ ထူးခြားတဲ့ note သွားတဲ့ ပုံစံပါပဲ။ ရိုးရိုး ရှင်းရှင်း လေးနဲ့ high note တစ်ခုခု ကို မမျှော်လင့်ပဲ ခုန်တက် သွားတဲ့ သူ့သီချင်းတွေရဲ့ သံစဉ် သွားပုံဟာ ရင်ခုန်ဖွယ် အလွန် ကောင်း ပြီး အလွန် feel ရှိ ပါ တယ်။ recent album 哲学家 Zhe Xue Jia (philosopher) album ထဲက 是非题 Shi Fei Ti (ငြင်းခုံခြင်း) သီချင်း လိုမျိုး ငြိမ့်ငြိမ့် လေးနဲ့ နားထောင် ပြီးရင် သံစဉ် စွဲကျန်ရစ် ခဲ့တဲ့ သီချင်း မျိုး တွေကို fan fan အများ ကြီး ဆိုခဲ့ ဘူးပါတယ်။ အမေရိကန် နိုင်ငံ အို ဟိုင်း ယိုး မှာ မွေး တဲ့ တိုင်ဝမ် သူလေးကို စတင်ပြီး သိလာတာ 真善美 zhen shan mei (သီချင်းတွေရဲ့သံစဉ်) album ထဲက 可不可以不勇敢 ke bu ke yi bu yong gen (စွမ်းအားမဲ့) ဆိုတဲ့ သီချင်းနဲ့ပါ။ အရမ်း နားထောင် ကောင်းပြီး မမျှော်လင့်တဲ့ note တွေကို သူ့ရဲ့ natural voice လေးနဲ့ pitch တင်သွားတာ ဟာဖြင့် ဘယ်လိုမှ ပြောမပြ တတ်လောက် အောင် လှပပြီး နားထောင် ကောင်းလွန်းပါတယ်။ အဲဒီ album ထဲကပဲ 那些花儿 na xie hua er (ပန်းပွင့်လေးများ) ဟာလည်း အလွန် ကောင်းတဲ့ သီချင်း တစ်ပုဒ်ပါ (အဲဒီသီချင်းကို ဆုန်သင်းပါရ် ရဲ့ "မင်းကို" စီးရီး မှာတောင် copy လုပ်ပြီး ပြန်ဆိုထား ပါသေးတယ်)။

ဖန်းဖန် ဟာ ခ ရစ် ယာန် ဘာ သာ ၀င် တစ် ဦး ဖြစ် ပြီး မွေး ချင်း ထဲ မှာ အ ကြီး ဆုံး ဖြစ် ပြီး မောင် တစ် ယောက် ညီမ တစ် ယောက် ရှိ ပါ တယ်။ သီ ချင်း သီ ဆို ခြင်း အ ပြင် စာ ရေး ခြင်း ကို လည်း ၀ါ သ နာ ပါ သူ ပါ။ သူ အကြိုက် ဆုံး အစား အစာ တွေ ထဲ မှာ ပင်လယ်စာ ဟာ ထိပ် ဆုံး မှ ပါ ၀င် ပြီး ၀က်စွပ်ပြုတ် ကိုလည်း ကြိုက်နှစ်သက်ပါတယ်တဲ့။ အဟဲ ဖန်းဖန်ဟာ အစားအသောက် တော့ အတော် ခုန်မင်ပုံ ပေါက်ပါတယ်။ ညစာ မ၀ပဲနဲ့ အိပ်ရာဝင်ရတာ သူ့အတွက် တော့ အမုန်းဆုံး ပါပဲတဲ့ ။ သူအနှစ်သက်ဆုံး အနုပညာရှင်တွေထဲမှာ ကိုရီးယားမင်းသား Rain တို့ အဆိုတော် DAVID TAO တို့ ၀မ်ဖေးတို့လည်း ပါဝင်ပါတယ်တဲ့။ ခရီးထွက်ခြင်းကို ခုံမင်ပြီး ဟာဝါရီတို့ ဒူဘိုင်းတို့ ဂျေရုစလင်တို့ဟာ သူ ထိပ်ဆုံးက သွားချင်တဲ့ နေရာများ ပါတဲ့။ ပန်းချီ လည်း ဆွဲပါတယ်တဲ့။ ဖော်ပြထားတဲ့ ပုံတွေက သူမရဲ့ လက်ရာတွေပါပဲ။ ဖန်းဖန် စင်္ကာပူက နီအန်း ပေါ်လီမှာ တစ်ခါလာရောက် ဖျော်ဖြေဖူးပါတယ်။ အဲဒီတုန်းက ဆို ကျောင်းသားတွေနဲ့ တရင်း တနှီးပါပဲ၊ အမေရိကန် သံနဲ့ အင်္ဂလိပ် စကားကို ပြောသွားတာ ဒီက စင်္ကာပူလေသံနဲ့ ကျောင်းသူ ကျောင်းသား တွေ အားလုံး ပါးစပ် အဟောင်း သား ဖြစ် ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀မှာ ဂီတ ဆိုတာ ဘယ်လောက် အရေးပါကြောင်း ပြောပြရင်း သီချင်းလေးတွေ သီဆို သွားခဲ့ဖူးပါတယ်။ ဖန်းဖန်ဟာ ကျော်ကြားမှုမှာ ထိပ်ဆုံးက တရုတ် အဆိုတော် တွေနဲ့ မယှဉ်နိုင် ပေမယ့် သူ့သီချင်း တွေ နဲ့ သူ့အဆို standard ကိုတော့ အားလုံးက အသိအမှတ် ပြုရ လောက်ပါ ပေတယ်။ အဆင့် ရှိတဲ့ love song ကောင်းကောင်း လေးတွေ ကို နား ထောင် ချင်ရင် တော့ fan fanကိုပဲ recommend လုပ်ပါ ရစေ။


哲学家 (မှော်ဆရာ)
01 哲学家 (မှော်ဆရာ)
02 是非题 (ငြင်းခုံခြင်း)
03 小眼睛 (မျက်ဝန်းငယ်)
04 你只有一个 (တစ်ယောက်ထဲသော)
05 小亲亲 (ညီမလေး ချင်းချင်း)
06 诚实 (အရိုးသားဆုံး)
07 不能跟情人说的话 (ချစ်သူတွေကြား လျှို့ဝှက်စကား) လျူရို့ယင်း နှင့် တွဲဖက်သီဆိုပါသည်။
08 黑暗面 (အမှောင်ကမ္ဘာ)
09 你是答案 (မင်းလေးသာအဖြေပါ)
10 范范之辈 (ဖန်းဖန် နောက်ဆက်တွဲ)
(interlude များကို ချန်ထားခဲ့ပါသည်။)

真善美 (သီချင်းတွေရဲ့သံစဉ်)
01 那些花儿 (ပန်းပွင့်လေးများ)
02 好寂寞 (အထီးကျန်) ကွမ်းလျံ နှင့်တွဲဖက် သီဆိုပါသည်။
03 我就是这样 (ကိုယ် ကတော့ ဒီလိုပါပဲ)
04 我们之间的事 (တို့ရဲ့ အကြောင်း)
05 可不可以不勇敢 (စွမ်းအားမဲ့)
06 永恒 (ထာဝရ)
07 葡萄酒作怪 (စပျစ်ဝိုင်)
08 你 (မင်း)
09 no matter (ဘာဖြစ်ဖြစ်)
10 启程 (ခွဲခွာခြင်း)
11 有你真好 (မင်းရှိမှ)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)


Thursday, May 1, 2008

Fahrenheit - Girls' Heartthrob

ကျီရို ၀မ်၊ ကယ်လ် ဗင် ချန်း၊ ၀ူ ချွန်း နဲ့ အာ ရွန် ရန် ဆိုတဲ့ ထိုင် ၀မ် က ချာ တိတ် (၄) ယောက် နဲ့ ဖွဲ့ ထား တဲ့ 飞轮海 (ဖေး လွန်း ဟိုင် ) Fahrenheit ဟာ လူ ငယ် ပရိ သတ် တွေ ကြား မှာ အောင်မြင် လွန်းလို့ the next F4 လို့ အားလုံး က သတ်မှတ် ကြပါတယ်။ သူတို့ ရဲ့ ငယ်ရွယ် သန့် ပြန့် တဲ့ ရုပ် ရည် နဲ့ လူ ငယ် ကြိုက် နား ထောင် ချင် စ ဖွယ် သီ ချင်း လေး တွေ က လည်း ကောင် မ လေး ပ ရိ သတ်တွေ အ တွက် တော့ စွဲ ဆောင် စရာ တစ်ခု ဖြစ် နေ ပါတယ်။ CDRama မှာ တွေ့နေ ရတာ ကြာပါပြီ၊ ကျ နော် က လည်း "ဖေး လွန်း ဟိုင်" ဆို မျောက် ပြ ဆန် တောင်း အ ဖွဲ့ လောက် ပဲ သိပ် အဆင့်ရှိ တယ်လို့ သတ်မှတ် တာမဟုတ်။ သိပ် မကြိုက် တာက သူ တို့ရဲ့ သီချင်းတွေက သိပ်ပြီး ကောင်းတာ လည်း မဟုတ်၊ ရုပ်လေးတွေပြ အိုက်တင်များပြီး ကျော်ကြားနေ ကြသလိုပါပဲ။ ကျနော် သိပ် ကြည့်မရတဲ့ အဖွဲ့ပေါ့။ ထားပါလေ။

အခု သူတို့နောက်ဆုံးထွက်ထားတဲ့ ခွေက 双面飞轮海 Shuang Mian Fei Lun Hai (နှစ်မျက်နှာ ဖာရင်ဟိုက်) လို့ အမည် ရပါတယ်။ ထိုင်ဝမ်က ထုတ်တဲ့ခွေမှာ သီချင်းသစ် (၁၁)ပုဒ်ပါပြီး 新窝 Xin Wo (နေရာသစ်) လို့ အမည် ရတဲ့ သာမန်ထက် မထူးတဲ့ သီချင်းမြူး လေးနဲ့ စပြီးဖွင့်ပါတယ်။ ဒုတိယ တစ်ပုဒ် ဖြစ်တဲ့ 为你存在 Wei Ni Cun Zai (မင်းအတွက် ဖြစ်တည်ခြင်း) ကတော့ အချစ် သီချင်းရိုးရိုးလေး တစ်ပုဒ်ပါ။ 出神 入化 Chu Shen Ren Hua (trace ဂီတစီးဆင်းမှု) ကတော့ သာမန် dance အမျိုး အစား သီချင်း လေး တစ်ပုဒ်ပါပဲ။ 不会爱 Bu Hui Ai (မချစ်တတ်ဘူး) သီချင်း ကသူတို့ရဲ့ သီချင်းဒီခွေမှာ ကျနော် အကြိုက်ဆုံး သီချင်းပါ။ ".. မင်း ငါ့အချစ်ကို မချစ်တော့ဘူး ... ငါနား လည်ခဲ့ရပြီ ... " ဆိုတဲ့ chorus ကတော့ တကယ့် ကိုဆွေးမြေ့စရာပါ။ နားထောင်ကြည့်ပါ၊ ဒီသီချင်း က တော့ တကယ် ကို နား ထောင် ပျော် တဲ့ အ ချစ် slow သီချင်း လေး တစ် ပုဒ် ပါ။ နောက် တစ် ပုဒ် ဖြစ်တဲ့ Ti Amo ကို ထိုင် ၀မ် က အ ဆို တော် အာရွန် နဲ့ 刘力扬 (လိရန်) တို့ တွဲ သီ ဆို သွား တာ လည်း အ လွန် ကောင်း တဲ့ တေး သွား လေး ပါ။ ဒါ ပေ မယ့် ဒီ သီ ချင်း ကို ဖာရင် ဟိုက် ပ ရိ သတ် က သိပ် အား မ ရ ပါ ဘူး။ အ ဓိ က က တော့ အာရွန် အ သံ က off tune ဖြစ် တာ ရယ်၊ Chorus က သိပ် စွဲ ဆောင် မှု မ ရှိ တာရယ် ကြောင့် ပါ တဲ့။ ကျ နော် က တော့ ဒီ သီချင်းလေးကို ကြိုက်ပါတယ်။ X Family OST မှာ အာရွန် ဖျော်ဖြေ သွားတာကို ဒီမှာ ကြည့်ကြပါ။ (ဒီမှာ ကြုံတုန်း I Love You ကို အီတလီ ဘာသာနဲ့ Ti Amo လို့ ဆိုပါတယ်။ ဒီသီချင်းမှာ Sarang Heyo လို့လည်း ကိုရီးယား ဘာသာစကား နဲ့ ပြောပါတယ်။ I Love You ကို ဘာသာ စကား အမျိုးမျိုး နဲ့ ပြောတာ ဒီမှာ ကြည့်နိုင်ပါတယ်။ အသုံးဝင်မှာပါ။) 爱的王道 အိုက်သက်ဝမ် တောက် (အချစ်ရဲ့ သရဖူ) ကတော့ သာမန် အချစ် သိချင်းရိုးရိုး လေးပါပဲ။ Reggae နည်းနည်း ဆန်တယ် ပြောမလား၊ သူတို့ ရဲ့ စတိုင်လ် တစ်မျိုး ပေါ့ဗျာ။ 心里有数 Xin Li You Shu (ရင်တွေခုန်) ကျပြန် တော့ လည်း ရယ်စရာ tune တစ်ပုဒ် ပါပဲ။ Johann Pachelbel ရဲ့ ဂန္ထ၀င် Canons ကို ရက်ရက် စက်စက် ကို သူတို့မို့ ထည့်ထား ရက် တယ်ဗျာ (မသိသေးရင် ဒီမှာ နားဆင်ပါ။) Rap လုပ် တဲ့ အ ပိုင်း မှာ သူတို့ က Canons ကို Remix ပြန်လုပ်ထားတယ် (tune တော်တော်ဆင်တယ် Canons ပဲ ဖြစ်မှာပါ) ။ ဒီ သီချင်းလေး သီချင်းလေး ကောင်းပါတယ်။ 明日香 Ming Re Xiang (မနက်ဖြန်ရနံ့) က တော့ 为你存在 တို့ 夏雪 တို့ကို ကြိုက်ရင် ဒီ သီချင်း လေး ကို နှစ်သက် မှာပါ။ 至少还有我 Zhi Shao Hai You Wo (အနည်းဆုံး ငါရှိနေမယ်) နဲ့ 一万个快乐 Yi Wan Ge Kuai Le (ပျော်ရွှင်မှု အခုတစ်သောင်း) သီချင်းတွေ ကတော့ ဘာမှ ထူးထူး ဆန်းဆန်း မရှိပဲ သိပ်ကို ရိုးစင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ တစ်ချို့ အပိုင်းတွေမှာ harmony မလုံ လောက် ဘူးလို့ ထင်ပါတယ်။ အာရွန်နဲ့ ကယ်လ်ဗင် ဆိုတဲ့ အပိုင်း တွေကို ကြိုက်ပေ မယ့် တစ်ခြား နှစ်ယောက် ဆိုတဲ့ အပိုင်းမှာ vocal တွေက ခံစား ချက် မပါ သလို (အသံတွေ လည်း jerky ဖြစ်နေ ပါတယ်) ဆို နေ ကြပါတာ က လွဲလို့ အားလုံး ကောင်း ပါတယ်။ 小小大人物 Xiao Xiao Da Ren Wu (VIPလေးတွေ) မှာ သူတို့ rap ထားတာက မစ်ကီမောက်စ် အသံတွေလိုပါပဲ။ တချို့ဆို Texas Chainsaw Massacre ထဲက cutting saw ကြီး reeving sound နဲ့ တူတယ်လို့ တောင် ပြောကြပါတယ်။ 超喜欢你 Chao Xi Huan Ni (မင်းကိုအရမ်းချစ်) ကတော့ cameo သက်သက် သီချင်းမြူး တွေပါ။ ဒီခွေကတော့ သိပ်မဆိုးပါ။ သီချင်း မြူးတွေက လွဲလို့ အချို့ ballad လေးတွေ အတော်ကောင်းပါတယ်။ သူတို့ရဲ့ သီချင်း စတိုင်လ် က climax မရှိဘူး လို ဖြစ်နေတာ ဆိုတော့ ပြောရရင် နားထောင်လို့တော့ ကောင်းပါတယ်။ classic မဖြစ်ဘူးပေါ့ဗျာ။ vocal ပိုင်းမှာတော့ သူတို့ရဲ့ ဒုတိယမျက်နှာ ခွေဟာ သူတို့ရဲ့ ထွက်ကာစခွေနဲ့ စာရင် ဘာမှ ပိုပြီး ထူးခြားမှုရှိတာ မတွေ့ရပါဘူး။ သာမန်မျှပါပဲ။ သီချင်းလေးကောင်းလေးတွေမို့ ကောင်မလေးများ အားပေးဖို့ အသင့်သာပြင် ထားပေတော့ဗျို့။ ။

ဖေးလွန်းဟိုင် (Fahreneit) 双面飞轮海 Shuang Mian Fei Lun Hai
(နှစ်မျက်နှာ ဖာရင်ဟိုက်)

01 新窝 Xin Wo (နေရာသစ်)
02 为你存在 Wei Ni Cun Zai (မင်းအတွက် ဖြစ်တည်ခြင်း)
03 出神 入化 Chu Shen Ren Hua (trace ဂီတစီးဆင်းမှု)
04 不会爱 Bu Hui Ai (မချစ်တတ်ဘူး)
05 Ti Amo (မင်းကိုချစ်တယ်)
06 心里有数 Xin Li You Shu (ရင်တွေခုန်)
07 明日香 Ming Re Xiang (မနက်ဖြန်ရနံ့)
08 至少还有我 Zhi Shao Hai You Wo (အနည်းဆုံး ငါရှိနေမယ်)
09 一万个快乐 Yi Wan Ge Kuai Le (ပျော်ရွှင်မှု အခုတစ်သောင်း)
10 小小大人物 Xiao Xiao Da Ren Wu (VIPလေးတွေ)
11 超喜欢你 Chao Xi Huan Ni (မင်းကိုအရမ်းချစ်)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)

Wednesday, April 30, 2008

Zhang Dong Lian - The Prince

張棟樑 Zhang Dong Lian ကျန်း တုန့် လျန် (အ င်္ဂ လိပ် အ မည် Nicolas Teo) က တော့ မ နေ့ တစ် နေ့ က မှ နာ မည် ရလာ တယ့် မ လေး ရှား က ချာ တိတ် လေး ပါ။ အ သက် (၂၅) နှစ် ရှိတဲ့ Nicolas ဟာ တိုင် ၀မ် မှာ စာသင် စဉ်တုန်း က အဆို ပြိုင် ပွဲ တွေ မှာ ဆု တွေ ရခဲ့ဖူး ပါတယ်။ အစ တုန်း က ကျနော် က သူ့ကို ရုပ်ရည် နဲ့ လုပ်စား နေ တဲ့ သူ လို့ သာ ထင် ခဲ့ တာပါ။ ဒီ အတွေး ဟာ လုံး ၀ မှား ကြောင်း သူ့ရဲ့ 主打張棟樑 (Only Nicolas) Album ကို နား ထောင် မိမှ သိသွား ခဲ့ ပါတယ်။ 只因为你 Zhi Ying Wei Ni (Only You) ဟာ တရုတ် သီချင်း ဈေး ကွက် မှာ တော် တော် နာမည် ရ ခဲ့ ပါတယ်။ ဒီ ခွေ ထဲ မှာ 痛彻心扉 Tong Che Xin Fei ကို လည်း အတော်နှစ် ခြိုက် ခဲ့ ပါ တယ်။ အရင် ခွေ တွေ ကို ပြန် ရှာ ပြီး နား ထောင် ကြည့် ပါတယ်။ အဲဒါနဲ့ 首选张栋梁 album ထဲက 当你孤单你会想起谁 နဲ့ 付出 တို့ ကလည်း အလွန် ကောင်း တဲ့ သီ ချင်း တွေ ပါ။ တစ်ခု ပဲ ပြော စရာ ရှိ တာ သူ့ သီချင်း တွေက ချက် ချင်း နား စွဲ လွယ်ပါတယ်၊ C G Am F ပုံ စံတွေ သိပ် များ လွန်း တယ်။ Style တွေ ထပ် တယ် ပေါ့ ဗျာ။ easy listening နားထောင် ချင် တဲ့ သူ တွေ အကြိုက် ပါ ပဲ။ သူ နောက် ဆုံး ထွက် ထား တဲ့ 王子 wang zhi (prince) album ကို တော့ သိပ်မကြိုက် ပါ။ 错了再错 နဲ့ 王子 (၂) ပုဒ် လောက်ကို သာ စွဲစွဲ မြဲမြဲ နား ထောင်မိ ပါတယ်။

王子 (Prince) အပြီး Nicolas ဒီနှစ်မှာ ခွေ အ သစ် ထွက် မယ် ဆို တော့ သူ့ fan တွေ အ တော်ကို စိတ်လှုပ်ရှား သွားခဲ့ပါတယ်။ ဒါ ပေ မယ့် ဒီ စိတ် လှုပ် ရှား မှုက သူ့ခွေ လည်း ထွက် ရော fan တွေက စိတ် ဓါတ် အ တော် ကျ သွား တယ်။ ဘာ လို့ လဲဆို တော့ သူ့ ခွေ အ သစ် ဖြစ်တဲ့ From Now On (ခုချိန် က စပြီး) က အ များ ထင် သ လို တစ် ခွေ လုံး သီ ချင်း အသစ် တွေ မ ဟုတ် ပဲ သီ ချင်း အ သစ် ၃ ပုဒ် သာ ပါတဲ့ greatest hits ဖြစ် နေ လို့ပါ။ ပထမ ဆုံး တစ်ပုဒ် ဖြစ် တဲ့ 新歌試唱 Xin Ge Shi Chang (သီချင်း သစ် ကို သီ ဆိုခြင်း) က တော့ သူ့ အ ရှေ့က ခွေ နဲ့ သီချင်း စ တိုင်လ် မ တူ အောင် သီ ဆို ထား လို့ ပါ ပဲ။ ဒီလို စတိုင်လ် မျိုး ကြားရ လိမ့်မယ် လို့ ဘယ်သူ မှ ကြို တင် မျှော် လင့် ထား ကြလိမ့်မယ် ထင်မှာ မဟုတ်ပါဘူး။ dance စတိုင်လ် pop beat မြူးမြူး လေးဟာ နား ထောင် ရတာ တော့ အဆင် ပြေပါ တယ်။ ဒီသီချင်းရဲ့ MTV ကို မကြည့်ခင် ဒီ သီချင်း ကို အရင် နားထောင် သင့်ပါတယ်။ electronic beat ခေါ်မ လား ၊ petshop boys တို့လို စတိုင်လ် မျိုး intro ၀င်ပြီးမှ chord တွေ မျိုးစုံ ၀င် ဖြည့်ပါ တယ်။ beat ကို စမ်းတာ လောက် ပါပဲ ၊ chord တွေ က တော့ သာမန် pop စတိုင်လ် မျှ သာပါ။ 寂寞那麼多 Ji Mo Na Ma Duo (အထီးကျန်လွန်) ကတော့ သူ့ အရင် စတိုင်လ် ပါပဲ။ သီချင်း စာသား တွေဟာ တစ်လိုင်း ချင်း မှာကို အဓိပ္ပါယ် နက်နက် နဲနဲ နဲ့ လှပစွာ ရေးစပ် ထားတဲ့ သီချင်း လေးပါ။ သံစဉ် ထက် စာသား ကို ပို အလေး ပေးသွားတဲ့ Nic ရဲ့ နောက်ထပ် သီချင်း ကောင်းလေး တစ်ပုဒ်ပါပဲ။ နောက်ဆုံး ကျန်တဲ့ သီချင်း အသစ်လေးကတော့ 錯愛 Cuo Ai (မှားယွင်းသော ချစ်ခြင်း) ပါ။ Piano + တရုတ်ရိုးရာ တူရိယာ တီးလုံးများနဲ့ intro ၀င်လာပြီး မှ beat လှလှ လေးကို သုံး ထား ပါ တယ်။ သီချင်းသစ် ၃ ပုဒ်ထဲမှာ ဒီသီချင်း ကို လူကြိုက်များ တယ်လို့သိရပါတယ်။ lee hom မှာ လည်း 爱错 Ai Cuo (မှားယွင်းသော ချစ်ခြင်း) သီချင်း ခေါင်းစဉ် တူ တစ်ပုဒ် ရှိ ပါတယ်။ ဒါပေမယ့် စတိုင်လ် တစ်မျိုး စီရယ်ပါ။ သတိရ လို့ပြော လိုက်တာပါ။ (ကျနော် ကတော့ lee hom သီချင်း ကို ပို ကြိုက် မိ တယ်။) သတိ ထား မိတာ Nic ဟာ သူ့သီချင်း ၃ ပုဒ်ကို စတိုင်လ် တစ်မျိုး စီ ယူ ထား တာ ပါ။ ပရိသတ် တွေ နဲ့လည်း အဆက် မပြတ်ဖို့ ရှိသမျှ လေးနဲ့ အဟောင်းတွေ ပေါင်းပြီး ထုတ်ပေး လိုက်ပုံရပါတယ်။ တဖြည်းဖြည်း ချင်း download link တွေ တင် ပေး ပါ့ မယ်။ သီချင်း အသစ် တွေ က တော့ mp3 နဲ့ မ ရ သေး ပါ ဘူး။ wma နဲ့ ဆို ရင် လည်း ဖြစ် လောက် မယ် လို့ ထင် ပါ တယ်။ wma တွေ ကို နောက် အ ဆင် ပြေမှပဲ mp3 ပြန်ပြောင်းပေးပါ့မယ်။

CD 1
01 新歌試唱 Xin Ge Shi Chang (သီချင်းသစ်သီဆိုခြင်း)
02 寂寞那麼多 Ji Mo Na Ma Duo (အထီးကျန်လွန်)
03 錯愛 Cuo Ai (မှားယွင်းသော ချစ်ခြင်း)
04 當你孤單你會想起谁 Dang Ni Gu Dan Ni Hui Xiang Qi Shui
(မင်း ရင်ထဲ ဘယ်သူရှိ)

05 寂寞邊界 Ji Mo Bian Jie (အထီးကျန် တံတိုင်း)
06 王子 Wang Zi (မင်းသား)
07 痛徹心扉 Tong Che Xin Fe (နှလုံးသား ဒဏ်ရာ)
08 如果 Ru Guo (တကယ်လို့များ)
09 Your Heart My Heart (မင်း နှလုံးသား ကိုယ့် နှလုံးသား)
10 爸爸媽媽 Ba Ba Ma Ma (ဖေဖေ မေမေ)
11 黄昏 Huang Hun (ဆည်းဆာ)

CD 2
01 北極星的眼淚 Bei Ji Xing De Yan Lei (၀င်ရိုးစွန်း မျက်ရည်)
02 只因爲你 Zhi Yin Wei Ni (မင်းကြောင့်)
03 錯了再錯 Cuo Le Zai Cuo (ရှေ့ဆက်မှားယွင်း)
04 我真的以為 Wo Zhen De Yi Wei (ကိုယ်တကယ် ထင်ခဲ့တာ)
05 日日夜夜 Ri Ri Ye Ye (နေ့နေ့ ညည)
06 付出 Fu Chu (ပေးဆပ်မှု)
07 Only One (တစ်ယောက်ထဲ)
08 忘记爱过 Wang Ji Ai Gou (မေ့ပျောက်ခဲ့တဲ့ အချစ်)
09 陌路 Mo Lu (အတက်လမ်း)
10 重伤 Zhong Shang (နာကျင်စွာ)
11 晚安,寶貝 Wan An Bao Bei (ကောင်းသောညပါ ချစ်သူ)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)

Guang Lian - Romantic Serenade

ဒီ တစ် ခါ မြန် မာ ပ ရိ သတ် တွေ အ များ စုက သိနှင့် ပြီး သား ဖြစ် နေ တဲ့ 光良 Guang Liang (Michael Wang) အ ကြောင်း လေး ပြော ချင် ပါ တယ်။ မ လေး ရှား ဇာ တိ ဖြစ် ပြီး အမည် ရင်း 王光良 Wang Guang Liang ဟာ အ ခု ဆို ရင် အ သက် 37 ရှိ ပါ ပြီ။ သူ ဟာ တစ် ကိုယ် တော် album တွေ မ ထွက် ရှိ ခင် တုန်း က သူ့ သူ ငယ် ချင်း 黄品冠 Huang Pin Guan နဲ့ တွဲပြီး 無印良品 (Wu Yin Liang Pin) ဆို တဲ့ အ မည် နဲ့ နှစ် ယောက် တွဲ album တော် တော် များ များ ထွက် ခဲ့ ဘူး ပါ တယ်။ ဒီ နောက် 2001 မှာ သူ့ solo album 第一次個人創作專輯 (Dì Yī Cì Gè Rén Chuàng Zuò Zhuān Jí) စတင် ထွက် ရှိ လာ ပါတယ်။ သူတို့ နှစ် ယောက် အ တွဲ ခွေ တွေ ထွက် လာ တဲ့ အ ထဲ မှာ 我找你找了好久 Wo Zhao No Zhao Le Hao Jiu (ကိုယ်မင်း ကို ရှာဖွေ ခဲ့ တာ အတော် ကြာခဲ့ပါ ပြီ) ဆိုတဲ့ သီချင်း ဟာလည်း လူသိချား ပါတယ်။ ထားပါလေ။ အခုပြောမှာ ကွမ်းလျံ အကြောင်း ဆိုတော့ နောက်ပိုင်း ကြုံမှ ပဲ သူတို့ နှစ်ယောက် band အကြောင်း ပြောချင် ပါတယ်။ 童话 tong hua (ဒဏ္ဍာရီ) ဆိုတဲ့ သီချင်း ကိုတော့ မြန်မာ ပရိတ် သတ် တော် တော် များများ သိ ကြ လိမ့်မယ် လို့ထင် ပါတယ်။ ဒီသီ ချင်း ကြောင့် ကွမ်းလျံ ကို လူ အတော် သိလာကြတာ ဆိုရင်လည်း မမှား ပါဘူး။ အဲဒီ ခွေ ထွက်တာ (၂၀၀၄) ထဲမှာ ထင်ပါရဲ့။ backing harmony နဲ့ music theory အကြောင်း ကောင်း ကောင်း နားလည် ပြီး သူ့ရဲ့ အကြိုက်ဆုံး တူရိယာ ဖြစ်တဲ့ piano နဲ့ သီချင်း တွေရေး လေ့ရှိ ပါတယ်။ ဒါကြောင့် သတိထား ကြည့်ရင် သူ့ သီချင်း တော်တော် များများ မှာ piano နဲ့ harmony support ကို ထိရောက် စွာ အသုံးပြု ထားတာ တွေ့ရ မှာ ပါ။ ဒီ ကြား ထဲ မှာ 約定 Yue Ding (သ ဘော တူ ညီ ချက်) ဆို တဲ့ အယ်လ် ဘမ် ထွက် ထား ပါ သေး တယ်။ ဒီ အယ်လ် ဘမ် လည်း အ တော် လေး ကောင်း တယ်လို့ ဆိုချင်ပါတယ်။ 第一次 di yi ci (ပထမ အကြိမ်) နဲ့ 握你的手 wo ni de shuo (မင်းလက်လေး ကို ဆုပ်ကိုင်ထားမယ်) ဆိုတဲ့ သီချင်း တွေက တကယ် ကို နားထောင် ကောင်းလွန်း လို့ နား မထောင် ဘူးရင် နားထောင် ကြည့်ပါလို့ recommend လုပ်လိုက် ပါရ စေ။ အဲဒီ အယ်လ်ဘမ် အပြီး (၆)လ အကြာမှာ 十光年 ကွမ်းလျံ ဂီတ(၁၀) နှစ် ခရီး အယ်လ်ဘမ် ထွက် လာပါ သေးတယ်။ ဒီခွေ က တော့ သူ့ သီ ချင်း ဟောင်း သီချင်း ကောင်း တွေ ကို greatest hits ပုံစံ 2CD ပါ။ သူ့ရဲ့ fan တစ် ယောက် ဆိုရင်တော့ ဒီခွေ တွေဟာ မ လွတ် တမ်း ၀ယ် ယူ သိမ်း ထား သင့်တဲ့ ခွေတွေ ပါ။

ပြီး ခဲ့ တဲ့ ၂၀၀၇ နို ၀င် ဘာ လ တုန်း ကပဲ ကွမ်းလျံ ရဲ့ 不會分離 Bu Hui Fen Li (မခွဲတမ်း) ဆိုတဲ့ အယ်လ် ဘမ် လေး တစ် ချပ် ထွက် လာ ပါ တယ်။ တစ် ခွေ လုံး က တော့ သူ့style အ တိုင်း pop သီချင်း အေး အေး လေး တွေ ပါ ပဲ။ 烟火 yan huo (မီးပန်း) လို့ အ မည် ရ တဲ့ သီချင်း လေးနဲ့ စဖွင့် ထား ပါတယ်။ melody အတက် အကျ အ ရမ်း disipline ရှိ ပြီး လှ ပ တဲ့ မီး ပန်း တွေ အ တူ တူ ကြည့် ခဲ့ တာ အ မှတ် တ ရ ရှိတဲ့ အ ကြောင်း ရေး ဖွဲ့ထား တာပါ။ 不會分離 Bu Hui Fen Li (မခွဲကြေး) ကတော့ သာမန် နား ထောင် လို့ ကောင်း တဲ့ အချစ် သီချင်း တစ် ပုဒ် ပါ ပဲ။ I miss you လို့ အမည် ရတဲ့ တ တိ ယ တစ် ပုဒ်က တော့ jay chou ရဲ့ သီ ချင်း တစ် ပုဒ် နဲ့ သံ စဉ် နည်း နည်း သွားပြီး ဆင် နေ သ လား လို့ ထင် ပါ တယ်။ ဒီ ခွေ ထဲ က နောက် တစ် ပုဒ် ဖြစ် တဲ့ 女孩别哭 nu hai bu ku (ကောင်မလေး မငိုနဲ့) သီချင်း က တော့ ဒီ ခွေမှာ အ ကြိုက် ဆုံးထဲ က တစ် ပုဒ် ပါပဲ။ 風雨同路 feng yu tong lu (မုန် တိုင်း ထန်သော လမ်း) က တော့ percussion မပါတဲ့ သီ ချင်း အေး အေး လေး တစ် ပုဒ်ပါပဲ။ 爱可以点亮整个世界 ai ke yi tian lian zheng ge shi jie (အချစ် နဲ့ ကမ္ဘာကို လင်း စေမယ်) ဆိုတဲ့ သီချင်း လေးကို လည်း သဘော ကျမိ ပါ တယ်။ ကောင်းတယ် ဒါပေ မယ့် ရိုးလွန်း တယ်။ I Am Who I Am (我就是我) wo zhuo shi wo ကတော့ 十光年 Shi Guang Nian ခွေမှာ တည်း ကပါ ပြီး သား ဖြစ်ပြီး ရုပ်ရှင် သီ ချင်း အ ဖြစ် အသုံး ပြု ခဲ့ တာ ဖြစ် လို့ တစ် ပုဒ် တည်း single တောင် အ ရင် ထွက် နှင့် ခဲ့ ပါ တယ်။ 双子星 shuang zhi xin (gemeni နက္ခတ်) ကလည်း ဒီ အတိုင်း အလွန် ရိုး ရှင်း လွန်းတဲ့ music flow နဲ့ ရေးဖွဲ့ထား ပါတယ်။ အထင် ကြီး စရာ သိပ် မရှိတဲ့ သံစဉ် ဆိုပေမယ့် ည ကောင်းကင် အောက်မှာ ချစ်သူနှစ်ဦး မျက်နှာချင်း ဆိုင် ထိုင်ပြီး မိုးကုပ် စက်ဝိုင်း ကြီးရယ် ကြယ် တွေရယ် ထိုင်ငေး တဲ့ အကြောင်း ကို ရေးဖွဲ့ ထားတာ စိတ်ဝင် စား ဖွယ်ပါ။ 住在遥远的星球 zui zai yao yuan de xin qiu (ကမ္ဘာ ခြား အ လှမ်း ဝေး) ကတော့ voilin backing တွေမြိုင် နေ အောင် တီးထား တဲ့ အဆွေး သီချင်း တစ်ပုဒ် ပါ။ နောက် ဆုံး သီချင်း က တော့ 惊叹号 jin tan hao (အံ့သြမှု) ကလည်း နား ထောင် ရင် အိပ် ပျော် သွား လောက် အောင် percussion မပါပဲ tempo အနှေး နဲ့ တီး ထားပါ တယ်။ တစ်ခွေ လုံး ပြော ရရင် ကွမ်းလျံ ရဲ့ အဆင့်နဲ့ ဆို ဒီ ထက်မ က သီချင်း တွေက အဆင့်ရှိ သင့်ပါတယ်။ မကောင်းဘူး လို့ မပြောပါ။ သူ အရင်ရေးတဲ့ သီချင်း တွေဟာ tricky ဖြစ်လေ့ ရှိပါတယ်။ သံစဉ် ဘယ်လို လာနိုင်တတယ် ဆိုတာ ကြိုတင် မှန်းဆ လို့ မရနိုင်အောင်ပါပဲ။ အခုဒီ တစ်ခွေမှာ တော့ အပျော် တမ်းရေးထား သလိုပါပဲ။ ကျနော်တော့ သိပ် သဘောမတွေ့ လှတဲ့ အယ်လ်ဘမ်ပါ။ ဒီ ခွေထဲ က သီချင်း လေးတွေကို အောက်မှာ ဒေါင်းပြီး နားဆင် နိုင်ပါတယ်။ သူ့ အရင် ခွေ တွေထဲက သီချင်း ကောင်းတွေကို လည်း အလျင်း သင့် သလို တင်ပေး သွားမှာ ပါ။

ကွမ်းလျံ ရဲ့ 不會分離 Bu Hui Fen Li
(မခွဲတမ်း)


01 烟火 Yan Huo (မီးပန်း)

ကွမ်းလျံ ရဲ့ 十光年 Shi Guang Niang
(အလင်းနှစ် ၁၀စု)


01 第一次 Di Yi Chi (ပထမဆုံး အကြိမ်)
(ထပ်တင်ပေးပါမည်။)

ကွမ်းလျံ ရဲ့ 童话 Tong Hua
(ဒဏ္ဍာရီ)

04 期限 Qi Xian (အချိန်တွေ ကုန်လွန်စဉ်)
10 一点光一点亮 Yi Dian Guang Yi Tian Lian (လင်းတစ်လှည့် လက်တစ်ခါ)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)

Tuesday, April 29, 2008

Wang Jie - The 90's Blue King

ဝမ်ကျဲ ဆိုတာ ထိုင်ဝမ် က ရုပ် ရှင် မင်း သား တစ် ဦးရဲ့ သား ဖြစ် ပြီး ထိုင် ၀မ် မှာ မွေး ပြီး ၊ ဟောင်ကောင် နဲ့ အ မေ ရိကား မှာ ကြီး ပြင်း ခဲ့တဲ့ အဆို တော်ပါ။ 88-89 လောက် မှာ က တည်း က ထိုင် ၀မ် ဂီ တ လော က မှာ နာ မည် စ ရ နေ ပြီး အဲ ဒီ တုန်း က နာမည် ကြီး နေ တဲ့ Jacky Cheung တို့ နဲ့ ခေတ် ပြိုင် ဖြစ် လာ ခဲ့ ပါ တယ်။ ခုချိန် ထိလည်း ဆယ် စုနှစ် နှစ်ခု နီးပါး နာမည် ရှိဆဲ ဖြစ်ပြီး ပေါ်ပြူလာ ဖြစ် ဆဲပါ (လက်ရှိ top ranking 37/200 ပါ)။ သူဟာ mandarin ရော cantonese ပါ သီဆိုသူ ဖြစ်ပါ တယ်။ သူ ဟာ ဟောင် ကောင် ရုပ်ရှင် တွေ မှာ လည်း ပါဝင် သရုပ် ဆောင် သူ တစ်ဦး ဖြစ်ပါ တယ်။ မှတ်မိ ကြဦး မှာ ပါ ၊ ဂျက်ကီချန်း ရဲ့ New Police Story ကို၊ အဲဒီမှာလည်း ဂျက်ကီချန်းရဲ့ သူငယ်ချင်း ဟောင်ကောင်ရဲတစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ သူ့သရုပ်ဆောင် ဘ၀က ခုမှ မဟုတ်ပဲ အသက် (၃)နှစ်အရွယ်ထဲက ကလေးသရုပ်ဆောင် အဖြစ်နဲ့ တီဗွီ စီးရီးတွေမှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးပါတယ်။ အသက် (၁၂)နှစ် အရွယ်မှာ ဆိုင်ကယ် စစီးတတ်နေပြီး စတန့်သမား အဖြစ်လည်း အသက်မွေးဝမ်း ကျောင်းမှုကို ပြုခဲ့ပါသေးတယ်။ သူဟာ ဘ၀မှာ ခက်ခဲ ကြမ်းတမ်းခဲ့ပြီး ကြုံရာကျပန်း အလုပ်တွေနဲ့ ပန်းပဲ ပန်းရန် အလုပ်တွေလည်း လုပ်ခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ သံမှုန်တွေ ကပ်လွန်းလို့ တစ်ချို့ဆို မြုပ်နေလို့တောင် လေဆိပ်တွေ သွားရင် metal detector တွေတောင် ထမြည်တယ်လို့ သိရပါတယ်။ သူ့သီချင်းတော်တော်များများကို တီဗွီ စီးရီးတွေမှာ အသုံးပြုတာတွေ့ရပါတယ်။ ၀မ်ကျဲဟာ 90 လောက်တုန်းက ထိုင်ဝမ်မှာတင် မဟုတ်ပဲ တရုတ်ပြည်မကြီး၊ ဟောင်ကောင် နဲ့ မလေးရှားတွေမှာ ပါ အောင်မြင် ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ ဗုဒ္ဓဘာသာ ကို အလွန်ကိုင်းရှိုင်းသူ ဖြစ်ပြီး ဘုန်းကြီး ဘ၀နဲ့ပဲ အဆုံးသတ်မယ်လို့ အကြိမ်ကြိမ် ကြိုးစား ခဲ့သူလို့သိရပါတယ်၊ ဒါပေမယ့် ရုပ်ရှင်တွေနဲ့ အပြင်မှာတော့ ယစ်ထုပ်ကြီး အနေနဲ့ပဲတွေ့တွေ့နေရတာတော့ ထူးဆန်းပါ၏။ အဲဒီ အချိန်တုန်းက သူ့ album ပေါင်း သန်း(၃၀)ကျော် ရောင်းချပြီး (pirate မပါဘူးတဲ့ :P) ၀မ်ကျဲ တစ်ယောက် သူဌေး ဖြစ်နေပြီး ထိုင်ဝမ်မှာ ဗီလာအိမ် (ရ) လုံး၊ ဟောင်ကောင်မှာ ဗီလာ (၃) လုံး တရားဝင် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် mid 90 လောက်က သူ stock share တွေ လည်း ရှုံး တော့ bankupt ဖြစ် လို့ အိမ် တွေ အ ကုန် ရောင်း ပြီး ကနေဒါ နိုင်ငံ မှာ သွား ရောက် နေ ထိုင် ခဲ့ ပါ တယ်။ ဒုတိယ အိမ် ထောင် ပြို ပျက် တော့ ဟောင် ကောင် ကို ပြန် လာ ချိန် မှာ သူ့ အိပ် ကပ်ထဲမှာ dollar အ နည်း ငယ် သာ ကျန် တော့ တယ်လို့ ဆို ပါ တယ်။ (luggage ထဲမှာ တော့ ရှိဦး မှာပေါ့ :P ) အဲဒီ နောက် ဟောင် ကောင် ဂီ တ လော က ထဲ က ပြန် ၀င် ရောက် လာ ခဲ့ ပြီး နာ မည် ကြီး ဓါတ်ပြား ကုမ္ပဏီ တစ် ခု နဲ့ စာ ချုပ် ချုပ် ကာ ခု ချိန် အ ထိ ဂီ တ လော က မှာ တ ဖန် ပြန် လည် ၀် ရောက် လို့ ဆက်လက် ရှင်သန် ရပ်တည် ခဲ့ ပါ တယ်။ အရီ အပြုံး နည်းတဲ့ သူ့မျက်နှာ ကတော့ ငယ်ငယ်တုန်းက မျက်နှာက nerve တွေ ပျက်စီးဘူးလို့ပါတဲ့။ အိမ်ထောင်ရေး ကံခေသူဖြစ်ပြီး အိမ်ထောင် နှစ်ဆက် ကျဖူးပါတယ်။ သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ သူ့သီချင်းတွေဟာ bluesy rock လို့ tag လုပ်ရင် ရပါတယ် (အဟဲ Randy Jackson လေသံ)။ ၀ိုင်ဝိုင်း သီချင်းတစ်ချို့ ရှိပါတယ်။ သူ့သီချင်းကို ကော်ပီပြန်လုပ်ထားတာ။ ၀မ်ကျဲ ရဲ့ သီချင်းတွေက ခုချိန်ထိ နားထောင်လို့ ကောင်းဆဲပါ။ သီချင်း ကောင်းလေးတွေကို အောက်မှာ စုစည်း ပေးထား ပါတယ်။ အချိန် ရရင်လည်း ထပ်တင် ထပ်ပေးပါဦးမယ်။


(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)

Monday, April 28, 2008

TANK - The Next Generation

TANK ဆို တာ က တော့ ထိုင် ၀မ်က နောက် ပေါက် လူ ငယ် တေး သံ ရှင် လေး ပါ။ TANK ကို ကျနော် စပြီး သိတာ 三國戀 San Guo Lian (Romance of Three Kingdoms) ဆို တဲ့ သီချင်း နဲ့ပါ။ သူ ဟာ ပါရမီ ရှိ တဲ့ ထိုင် ၀မ်က တေး ရေး အ ဆို ရှင် တစ် ယောက် ပါ။ သူ့ နာ မည် အရင်း က တော့ 吕建中 လျူ ကျန့်ကြုံ့ လို့ ခေါ် ပါ တယ်။ သူ့ ပထမ ဆုံး album မ ထွက် ခင် က တည်း က သူဟာ 周渝民 Zhou Yumin (F4) နဲ့ S.H.E တို့ အတွက် သီချင်းတွေ ရေးပေး နေခဲ့တာပါ။ 千年泪 Qian Nian Lei ကိုလည်း တော်တော် ကြိုက်ပါ တယ်။ 專屬天使 Zhuan Shu Tian Shi ဟာ လည်း သီချင်း ကောင်း လေးပါ။ သူ့ သီချင်း တွေ ကို ရုပ်ရှင် တော်တော် များများ ရဲ့ background / main theme အဖြစ် နဲ့ ကြားနေ ရပါတယ်။ တစ် လောက TV မှာ ပြ သွားတဲ့ 專屬天使 (Guardian Angel) မှာလည်း သူ့ သီချင်း က main theme ပါပဲ ။ အသက် (၂၅) နှစ် သာ ရှိသေး ပြီး 王力宏 Wang Lee Hom နဲ့ 陶喆 Tao Zhe တို့ နောက်ပိုင်း အကျော် ကြား ဆုံး လူငယ် တေးရေး တေးဆို မျိုး ဆက် သစ် တစ်ယောက် ဖြစ်လာ လိမ့် မယ်လို့ အားလုံး က တစ်ပေး ခံထား ရတဲ့ သူပါ။ piano နဲ့ guitar ကို ကျွမ်းကျွမ်း ကျင်ကျင် တီးခတ်နိုင်တဲ့ talented artist တစ်ယောက် အဖြစ် သတ်မှတ်ခြင်း ခံရပြီး သူ့သီချင်း တစ်ချို့ ဆိုရင် arrangement ပိုင်း တွေမှာ အတော် လေးကို ပညာသား ပါတာ တွေ့ရ ပါတယ်။ သူ သီဆိုထားတဲ့ သီချင်း ကောင်းလေး တွေထဲက တစ်ချို့ကို ဒေါင်းလုပ် လုပ်ပြီး နားထောင် နိုင် ကြ ဖို့ အတွက် အောက်မှာ link တွေ ပေးထား ပါတယ်။ နောက်ပိုင်း ကြုံရင် ကြုံသလို ထပ်ပြီး သူ့ သီချင်း ကောင်းတွေ တင်ထား ပေးပါ့မယ်။


(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)