Monday, April 28, 2008

TANK - The Next Generation

TANK ဆို တာ က တော့ ထိုင် ၀မ်က နောက် ပေါက် လူ ငယ် တေး သံ ရှင် လေး ပါ။ TANK ကို ကျနော် စပြီး သိတာ 三國戀 San Guo Lian (Romance of Three Kingdoms) ဆို တဲ့ သီချင်း နဲ့ပါ။ သူ ဟာ ပါရမီ ရှိ တဲ့ ထိုင် ၀မ်က တေး ရေး အ ဆို ရှင် တစ် ယောက် ပါ။ သူ့ နာ မည် အရင်း က တော့ 吕建中 လျူ ကျန့်ကြုံ့ လို့ ခေါ် ပါ တယ်။ သူ့ ပထမ ဆုံး album မ ထွက် ခင် က တည်း က သူဟာ 周渝民 Zhou Yumin (F4) နဲ့ S.H.E တို့ အတွက် သီချင်းတွေ ရေးပေး နေခဲ့တာပါ။ 千年泪 Qian Nian Lei ကိုလည်း တော်တော် ကြိုက်ပါ တယ်။ 專屬天使 Zhuan Shu Tian Shi ဟာ လည်း သီချင်း ကောင်း လေးပါ။ သူ့ သီချင်း တွေ ကို ရုပ်ရှင် တော်တော် များများ ရဲ့ background / main theme အဖြစ် နဲ့ ကြားနေ ရပါတယ်။ တစ် လောက TV မှာ ပြ သွားတဲ့ 專屬天使 (Guardian Angel) မှာလည်း သူ့ သီချင်း က main theme ပါပဲ ။ အသက် (၂၅) နှစ် သာ ရှိသေး ပြီး 王力宏 Wang Lee Hom နဲ့ 陶喆 Tao Zhe တို့ နောက်ပိုင်း အကျော် ကြား ဆုံး လူငယ် တေးရေး တေးဆို မျိုး ဆက် သစ် တစ်ယောက် ဖြစ်လာ လိမ့် မယ်လို့ အားလုံး က တစ်ပေး ခံထား ရတဲ့ သူပါ။ piano နဲ့ guitar ကို ကျွမ်းကျွမ်း ကျင်ကျင် တီးခတ်နိုင်တဲ့ talented artist တစ်ယောက် အဖြစ် သတ်မှတ်ခြင်း ခံရပြီး သူ့သီချင်း တစ်ချို့ ဆိုရင် arrangement ပိုင်း တွေမှာ အတော် လေးကို ပညာသား ပါတာ တွေ့ရ ပါတယ်။ သူ သီဆိုထားတဲ့ သီချင်း ကောင်းလေး တွေထဲက တစ်ချို့ကို ဒေါင်းလုပ် လုပ်ပြီး နားထောင် နိုင် ကြ ဖို့ အတွက် အောက်မှာ link တွေ ပေးထား ပါတယ်။ နောက်ပိုင်း ကြုံရင် ကြုံသလို ထပ်ပြီး သူ့ သီချင်း ကောင်းတွေ တင်ထား ပေးပါ့မယ်။


(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)

No comments: