張棟樑 Zhang Dong Lian ကျန်း တုန့် လျန် (အ င်္ဂ လိပ် အ မည် Nicolas Teo) က တော့ မ နေ့ တစ် နေ့ က မှ နာ မည် ရလာ တယ့် မ လေး ရှား က ချာ တိတ် လေး ပါ။ အ သက် (၂၅) နှစ် ရှိတဲ့ Nicolas ဟာ တိုင် ၀မ် မှာ စာသင် စဉ်တုန်း က အဆို ပြိုင် ပွဲ တွေ မှာ ဆု တွေ ရခဲ့ဖူး ပါတယ်။ အစ တုန်း က ကျနော် က သူ့ကို ရုပ်ရည် နဲ့ လုပ်စား နေ တဲ့ သူ လို့ သာ ထင် ခဲ့ တာပါ။ ဒီ အတွေး ဟာ လုံး ၀ မှား ကြောင်း သူ့ရဲ့ 主打張棟樑 (Only Nicolas) Album ကို နား ထောင် မိမှ သိသွား ခဲ့ ပါတယ်။ 只因为你 Zhi Ying Wei Ni (Only You) ဟာ တရုတ် သီချင်း ဈေး ကွက် မှာ တော် တော် နာမည် ရ ခဲ့ ပါတယ်။ ဒီ ခွေ ထဲ မှာ 痛彻心扉 Tong Che Xin Fei ကို လည်း အတော်နှစ် ခြိုက် ခဲ့ ပါ တယ်။ အရင် ခွေ တွေ ကို ပြန် ရှာ ပြီး နား ထောင် ကြည့် ပါတယ်။ အဲဒါနဲ့ 首选张栋梁 album ထဲက 当你孤单你会想起谁 နဲ့ 付出 တို့ ကလည်း အလွန် ကောင်း တဲ့ သီ ချင်း တွေ ပါ။ တစ်ခု ပဲ ပြော စရာ ရှိ တာ သူ့ သီချင်း တွေက ချက် ချင်း နား စွဲ လွယ်ပါတယ်၊ C G Am F ပုံ စံတွေ သိပ် များ လွန်း တယ်။ Style တွေ ထပ် တယ် ပေါ့ ဗျာ။ easy listening နားထောင် ချင် တဲ့ သူ တွေ အကြိုက် ပါ ပဲ။ သူ နောက် ဆုံး ထွက် ထား တဲ့ 王子 wang zhi (prince) album ကို တော့ သိပ်မကြိုက် ပါ။ 错了再错 နဲ့ 王子 (၂) ပုဒ် လောက်ကို သာ စွဲစွဲ မြဲမြဲ နား ထောင်မိ ပါတယ်။
王子 (Prince) အပြီး Nicolas ဒီနှစ်မှာ ခွေ အ သစ် ထွက် မယ် ဆို တော့ သူ့ fan တွေ အ တော်ကို စိတ်လှုပ်ရှား သွားခဲ့ပါတယ်။ ဒါ ပေ မယ့် ဒီ စိတ် လှုပ် ရှား မှုက သူ့ခွေ လည်း ထွက် ရော fan တွေက စိတ် ဓါတ် အ တော် ကျ သွား တယ်။ ဘာ လို့ လဲဆို တော့ သူ့ ခွေ အ သစ် ဖြစ်တဲ့ From Now On (ခုချိန် က စပြီး) က အ များ ထင် သ လို တစ် ခွေ လုံး သီ ချင်း အသစ် တွေ မ ဟုတ် ပဲ သီ ချင်း အ သစ် ၃ ပုဒ် သာ ပါတဲ့ greatest hits ဖြစ် နေ လို့ပါ။ ပထမ ဆုံး တစ်ပုဒ် ဖြစ် တဲ့ 新歌試唱 Xin Ge Shi Chang (သီချင်း သစ် ကို သီ ဆိုခြင်း) က တော့ သူ့ အ ရှေ့က ခွေ နဲ့ သီချင်း စ တိုင်လ် မ တူ အောင် သီ ဆို ထား လို့ ပါ ပဲ။ ဒီလို စတိုင်လ် မျိုး ကြားရ လိမ့်မယ် လို့ ဘယ်သူ မှ ကြို တင် မျှော် လင့် ထား ကြလိမ့်မယ် ထင်မှာ မဟုတ်ပါဘူး။ dance စတိုင်လ် pop beat မြူးမြူး လေးဟာ နား ထောင် ရတာ တော့ အဆင် ပြေပါ တယ်။ ဒီသီချင်းရဲ့ MTV ကို မကြည့်ခင် ဒီ သီချင်း ကို အရင် နားထောင် သင့်ပါတယ်။ electronic beat ခေါ်မ လား ၊ petshop boys တို့လို စတိုင်လ် မျိုး intro ၀င်ပြီးမှ chord တွေ မျိုးစုံ ၀င် ဖြည့်ပါ တယ်။ beat ကို စမ်းတာ လောက် ပါပဲ ၊ chord တွေ က တော့ သာမန် pop စတိုင်လ် မျှ သာပါ။ 寂寞那麼多 Ji Mo Na Ma Duo (အထီးကျန်လွန်) ကတော့ သူ့ အရင် စတိုင်လ် ပါပဲ။ သီချင်း စာသား တွေဟာ တစ်လိုင်း ချင်း မှာကို အဓိပ္ပါယ် နက်နက် နဲနဲ နဲ့ လှပစွာ ရေးစပ် ထားတဲ့ သီချင်း လေးပါ။ သံစဉ် ထက် စာသား ကို ပို အလေး ပေးသွားတဲ့ Nic ရဲ့ နောက်ထပ် သီချင်း ကောင်းလေး တစ်ပုဒ်ပါပဲ။ နောက်ဆုံး ကျန်တဲ့ သီချင်း အသစ်လေးကတော့ 錯愛 Cuo Ai (မှားယွင်းသော ချစ်ခြင်း) ပါ။ Piano + တရုတ်ရိုးရာ တူရိယာ တီးလုံးများနဲ့ intro ၀င်လာပြီး မှ beat လှလှ လေးကို သုံး ထား ပါ တယ်။ သီချင်းသစ် ၃ ပုဒ်ထဲမှာ ဒီသီချင်း ကို လူကြိုက်များ တယ်လို့သိရပါတယ်။ lee hom မှာ လည်း 爱错 Ai Cuo (မှားယွင်းသော ချစ်ခြင်း) သီချင်း ခေါင်းစဉ် တူ တစ်ပုဒ် ရှိ ပါတယ်။ ဒါပေမယ့် စတိုင်လ် တစ်မျိုး စီရယ်ပါ။ သတိရ လို့ပြော လိုက်တာပါ။ (ကျနော် ကတော့ lee hom သီချင်း ကို ပို ကြိုက် မိ တယ်။) သတိ ထား မိတာ Nic ဟာ သူ့သီချင်း ၃ ပုဒ်ကို စတိုင်လ် တစ်မျိုး စီ ယူ ထား တာ ပါ။ ပရိသတ် တွေ နဲ့လည်း အဆက် မပြတ်ဖို့ ရှိသမျှ လေးနဲ့ အဟောင်းတွေ ပေါင်းပြီး ထုတ်ပေး လိုက်ပုံရပါတယ်။ တဖြည်းဖြည်း ချင်း download link တွေ တင် ပေး ပါ့ မယ်။ သီချင်း အသစ် တွေ က တော့ mp3 နဲ့ မ ရ သေး ပါ ဘူး။ wma နဲ့ ဆို ရင် လည်း ဖြစ် လောက် မယ် လို့ ထင် ပါ တယ်။ wma တွေ ကို နောက် အ ဆင် ပြေမှပဲ mp3 ပြန်ပြောင်းပေးပါ့မယ်။CD 1
01 新歌試唱 Xin Ge Shi Chang (သီချင်းသစ်သီဆိုခြင်း)
02 寂寞那麼多 Ji Mo Na Ma Duo (အထီးကျန်လွန်)
03 錯愛 Cuo Ai (မှားယွင်းသော ချစ်ခြင်း)
04 當你孤單你會想起谁 Dang Ni Gu Dan Ni Hui Xiang Qi Shui
(မင်း ရင်ထဲ ဘယ်သူရှိ)
05 寂寞邊界 Ji Mo Bian Jie (အထီးကျန် တံတိုင်း)
06 王子 Wang Zi (မင်းသား)
07 痛徹心扉 Tong Che Xin Fe (နှလုံးသား ဒဏ်ရာ)
08 如果 Ru Guo (တကယ်လို့များ)
09 Your Heart My Heart (မင်း နှလုံးသား ကိုယ့် နှလုံးသား)
10 爸爸媽媽 Ba Ba Ma Ma (ဖေဖေ မေမေ)
11 黄昏 Huang Hun (ဆည်းဆာ)
CD 2
01 北極星的眼淚 Bei Ji Xing De Yan Lei (၀င်ရိုးစွန်း မျက်ရည်)
02 只因爲你 Zhi Yin Wei Ni (မင်းကြောင့်)
03 錯了再錯 Cuo Le Zai Cuo (ရှေ့ဆက်မှားယွင်း)
04 我真的以為 Wo Zhen De Yi Wei (ကိုယ်တကယ် ထင်ခဲ့တာ)
05 日日夜夜 Ri Ri Ye Ye (နေ့နေ့ ညည)
06 付出 Fu Chu (ပေးဆပ်မှု)
07 Only One (တစ်ယောက်ထဲ)
08 忘记爱过 Wang Ji Ai Gou (မေ့ပျောက်ခဲ့တဲ့ အချစ်)
09 陌路 Mo Lu (အတက်လမ်း)
10 重伤 Zhong Shang (နာကျင်စွာ)
11 晚安,寶貝 Wan An Bao Bei (ကောင်းသောညပါ ချစ်သူ)
(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)





