ဝမ်ကျဲ ဆိုတာ ထိုင်ဝမ် က ရုပ် ရှင် မင်း သား တစ် ဦးရဲ့ သား ဖြစ် ပြီး ထိုင် ၀မ် မှာ မွေး ပြီး ၊ ဟောင်ကောင် နဲ့ အ မေ ရိကား မှာ ကြီး ပြင်း ခဲ့တဲ့ အဆို တော်ပါ။ 88-89 လောက် မှာ က တည်း က ထိုင် ၀မ် ဂီ တ လော က မှာ နာ မည် စ ရ နေ ပြီး အဲ ဒီ တုန်း က နာမည် ကြီး နေ တဲ့ Jacky Cheung တို့ နဲ့ ခေတ် ပြိုင် ဖြစ် လာ ခဲ့ ပါ တယ်။ ခုချိန် ထိလည်း ဆယ် စုနှစ် နှစ်ခု နီးပါး နာမည် ရှိဆဲ ဖြစ်ပြီး ပေါ်ပြူလာ ဖြစ် ဆဲပါ (လက်ရှိ top ranking 37/200 ပါ)။ သူဟာ mandarin ရော cantonese ပါ သီဆိုသူ ဖြစ်ပါ တယ်။ သူ ဟာ ဟောင် ကောင် ရုပ်ရှင် တွေ မှာ လည်း ပါဝင် သရုပ် ဆောင် သူ တစ်ဦး ဖြစ်ပါ တယ်။ မှတ်မိ ကြဦး မှာ ပါ ၊ ဂျက်ကီချန်း ရဲ့ New Police Story ကို၊ အဲဒီမှာလည်း ဂျက်ကီချန်းရဲ့ သူငယ်ချင်း ဟောင်ကောင်ရဲတစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ သူ့သရုပ်ဆောင် ဘ၀က ခုမှ မဟုတ်ပဲ အသက် (၃)နှစ်အရွယ်ထဲက ကလေးသရုပ်ဆောင် အဖြစ်နဲ့ တီဗွီ စီးရီးတွေမှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးပါတယ်။ အသက် (၁၂)နှစ် အရွယ်မှာ ဆိုင်ကယ် စစီးတတ်နေပြီး စတန့်သမား အဖြစ်လည်း အသက်မွေးဝမ်း ကျောင်းမှုကို ပြုခဲ့ပါသေးတယ်။ သူဟာ ဘ၀မှာ ခက်ခဲ ကြမ်းတမ်းခဲ့ပြီး ကြုံရာကျပန်း အလုပ်တွေနဲ့ ပန်းပဲ ပန်းရန် အလုပ်တွေလည်း လုပ်ခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ သံမှုန်တွေ ကပ်လွန်းလို့ တစ်ချို့ဆို မြုပ်နေလို့တောင် လေဆိပ်တွေ သွားရင် metal detector တွေတောင် ထမြည်တယ်လို့ သိရပါတယ်။ သူ့သီချင်းတော်တော်များများကို တီဗွီ စီးရီးတွေမှာ အသုံးပြုတာတွေ့ရပါတယ်။ ၀မ်ကျဲဟာ 90 လောက်တုန်းက ထိုင်ဝမ်မှာတင် မဟုတ်ပဲ တရုတ်ပြည်မကြီး၊ ဟောင်ကောင် နဲ့ မလေးရှားတွေမှာ ပါ အောင်မြင် ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ ဗုဒ္ဓဘာသာ ကို အလွန်ကိုင်းရှိုင်းသူ ဖြစ်ပြီး ဘုန်းကြီး ဘ၀နဲ့ပဲ အဆုံးသတ်မယ်လို့ အကြိမ်ကြိမ် ကြိုးစား ခဲ့သူလို့သိရပါတယ်၊ ဒါပေမယ့် ရုပ်ရှင်တွေနဲ့ အပြင်မှာတော့ ယစ်ထုပ်ကြီး အနေနဲ့ပဲတွေ့တွေ့နေရတာတော့ ထူးဆန်းပါ၏။ အဲဒီ အချိန်တုန်းက သူ့ album ပေါင်း သန်း(၃၀)ကျော် ရောင်းချပြီး (pirate မပါဘူးတဲ့ :P) ၀မ်ကျဲ တစ်ယောက် သူဌေး ဖြစ်နေပြီး ထိုင်ဝမ်မှာ ဗီလာအိမ် (ရ) လုံး၊ ဟောင်ကောင်မှာ ဗီလာ (၃) လုံး တရားဝင် ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် mid 90 လောက်က သူ stock share တွေ လည်း ရှုံး တော့ bankupt ဖြစ် လို့ အိမ် တွေ အ ကုန် ရောင်း ပြီး ကနေဒါ နိုင်ငံ မှာ သွား ရောက် နေ ထိုင် ခဲ့ ပါ တယ်။ ဒုတိယ အိမ် ထောင် ပြို ပျက် တော့ ဟောင် ကောင် ကို ပြန် လာ ချိန် မှာ သူ့ အိပ် ကပ်ထဲမှာ dollar အ နည်း ငယ် သာ ကျန် တော့ တယ်လို့ ဆို ပါ တယ်။ (luggage ထဲမှာ တော့ ရှိဦး မှာပေါ့ :P ) အဲဒီ နောက် ဟောင် ကောင် ဂီ တ လော က ထဲ က ပြန် ၀င် ရောက် လာ ခဲ့ ပြီး နာ မည် ကြီး ဓါတ်ပြား ကုမ္ပဏီ တစ် ခု နဲ့ စာ ချုပ် ချုပ် ကာ ခု ချိန် အ ထိ ဂီ တ လော က မှာ တ ဖန် ပြန် လည် ၀် ရောက် လို့ ဆက်လက် ရှင်သန် ရပ်တည် ခဲ့ ပါ တယ်။ အရီ အပြုံး နည်းတဲ့ သူ့မျက်နှာ ကတော့ ငယ်ငယ်တုန်းက မျက်နှာက nerve တွေ ပျက်စီးဘူးလို့ပါတဲ့။ အိမ်ထောင်ရေး ကံခေသူဖြစ်ပြီး အိမ်ထောင် နှစ်ဆက် ကျဖူးပါတယ်။ သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ သူ့သီချင်းတွေဟာ bluesy rock လို့ tag လုပ်ရင် ရပါတယ် (အဟဲ Randy Jackson လေသံ)။ ၀ိုင်ဝိုင်း သီချင်းတစ်ချို့ ရှိပါတယ်။ သူ့သီချင်းကို ကော်ပီပြန်လုပ်ထားတာ။ ၀မ်ကျဲ ရဲ့ သီချင်းတွေက ခုချိန်ထိ နားထောင်လို့ ကောင်းဆဲပါ။ သီချင်း ကောင်းလေးတွေကို အောက်မှာ စုစည်း ပေးထား ပါတယ်။ အချိန် ရရင်လည်း ထပ်တင် ထပ်ပေးပါဦးမယ်။(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)
No comments:
Post a Comment