ကမ္ဘာ ပေါ် မှာ မရှိ တော့ပြီ ဖြစ်တဲ့ F4 ဆို တဲ့ ထိုင်ဝမ် က အဖွဲ့ လေး တစ်ခု ရဲ့ အ ကြောင်း ကို ဟိုး အရင် ကတည်းက ရေးချင် နေခဲ့ တာ ပါ။ Flower 4 ကို အတိုကောက် ခေါ်ဆို ထားတဲ့ F4 ကို Jerry Yan, Vanness Wu, Ken Chu, Vic Zhou တို့ နဲ့ ဖွဲ့စည်း ထားပြီး ၂၀၀၃ မတိုင် ခင်က ထိုင်ဝမ်ရဲ့ အကျော် ကြား ဆုံး သော boyband တစ်ခု အဖြစ် သတ်မှတ် ခြင်းခံ ခဲ့ရ ပါ တယ်။ သူတို့ ရဲ့ ထူးခြားတဲ့ personality နဲ့ ဟန်ပန် style တွေကြောင့် တက္ကသိုလ် ကျောင်းသား ဘ၀ ထဲက ဒီလေးယောက် စလုံး က အတော် ပေါ်ပြူလာ အတော် ဖြစ်ကြ တယ်လို့လည်း သိရ ပါတယ်။ movie star အရမ်း ဖြစ်ချင်တဲ့ Jerry Yan၊ ကျောင်းသား လေး Vic Zhou ၊ pop star ဖြစ်ချင်တဲ့ Vanness Wu၊ ယခင် စားပွဲထိုးလေးဖြစ်ခဲ့တဲ့ Ken Chu တို့ ရဲ့ ပေါင်း စည်းမှု ဟာ အရှေ့တောင် အာရှဂီတ ဈေးကွက် မှာ အရမ်း အောင်မြင် ခဲ့ပါ တယ်။ သူတို့ အဖွဲ့ဟာ (၂၀၀၁) ၀န်း ကျင် လောက်မှာ ဂျပန် ကာတွန်း ရုပ်ရှင် တစ်ခု 花より男子 "လူငယ်လေး များ နဲ့ ပန်းလေး များ"ကို တီဗွီ စီးရီး အသွင် ပြောင်းထား တဲ့ 流星花園 (Liu Xin Hua Yuan) "ကြယ် ကြွေ ဥယျာဉ်" ဆို တဲ့ ဇာတ်လမ်း မှာ ဆိုးသွမ်း တဲ့ F4 လူငယ် လေးများ အဖြစ် ပါဝင် သရုပ် ဆောင်ခဲ့ ရာမှ လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့ပြီး ဒီနာမည်တွင် သွားခဲ့ ပါတာ ဖြစ်ပါတယ်။ အဲဒီ နောက် "ကြယ်ကြွေ ဥယျာဉ်" အယ်လ် ဘမ် ထွက် အပြီး မှာတော့ 流星雨 (Liu Xing Yu) လို့ ခေါ်တဲ့ "ကြယ်ကြွေမိုး" နဲ့ 我是真的真的很爱你 (Wo Shi Zhen De Zhen De Hen Ai Ni) "ငါ .. မင်းကို တကယ်ကို အရမ်း ချစ်တာပါ" သီချင်း တွေက တကယ်ကို hit ဖြစ် သွားခဲ့ ပါတယ်။ အဲဒီ တုန်းက star movie မှာ ဒီဇာတ်လမ်း ပြနေပြီး ရန်ကုန် မှာတောင် ချက်ချင်း ပေါ်ပြူ လာ ဖြစ်နေ ပါပြီ။ မှတ်မှတ် ရရ ဒီဇာတ် လမ်း ပြနေတဲ့ အချိန်(၂၀၀၂-၂၀၀၃) လောက်တုန်း က လမ်း(၄၀) ထိပ်က မန်းသီရိ တေးသံ သွင်းမှာ ဒီ သီချင်း ခွေ ၀ယ်လို့ ရနေ ပါပြီ။ That thing you do ... ကို ကြည့်ဖူး ကြမှာပါ ... ဒီလို မျိုး တဟုန် ထိုး အောင်မြင် မှု ရလာကြတဲ့ band တွေ ရှည်ရှည် မှာ အောင်မြင် မှုကို တောင့်မခံ နိုင်သ လို ပါပဲ F4 ဟာလည်း ကြာရှည် မခံခဲ့ ပါဘူး။ သူတို့ "ကြယ်ကြွေ ဥယျာဉ် အမှတ်-၂" အပြီး studio version album တွေ (greatest hits မပါ ၀င်ပါ) သိပ်မထွက် နိုင်ခင် မှာပဲ တစ်ယောက် ချင်းစီကနေ တစ်ကိုယ်တော် ခွေတွေထွက်လာပြီး 2005 နောက်ပိုင်း မှာ F4 ကွဲသွားလေသတည်းဗျာ။ ဒီတစ်ခေါက် သူတို့ပြန်လာ တဲ့အချိန်မှာတော့ အစစ အရာရာ ပြောင်းလဲ ခဲ့ပါပြီ။ (ကလေး အဖေတွေ ဖြစ်ကုန်ပြီလေ။ :P) သူတို့ဟာ F4 ဆိုတဲ့ နာမည်ကို ဆက်မသုံးတော့ပဲ သူတို့နာမည်တွေရဲ့ အစ စာလုံးလေးတွေ ဖြစ်တဲ့ JVKV ဆိုတာကို သုံးစွဲ လာပါတော့တယ်။ အခု ပြောမှာ ၂၀၀၇ December နောက်ပိုင်း မှာ သူတို့ reunion လုပ်ပြီး အသစ်ထွက်လာတဲ့ 在这里等你 Zai Zhe Li Deng Ni (ဒီနေရာမှာ စောင့်နေတယ်) ဆိုတဲ့ album လေးပါ။ ဒီခွေက သီချင်းတွေကို by name နဲ့ analyse လုပ်နေရင် ပြီးတော့ မှာ မဟုတ်လို့ နောက်ဆို ကျနော် သီချင်း တစ်ပုဒ်ချင်း မပြောတော့ပါဘူး။ ကိုယ့်ဟာကိုယ် download လုပ်ပြီး နားထောင် နိုင်ကြ ပါပြီ။ သီချင်း အေးအေး လေးတွေ ကြိုက်တဲ့ သူအတွက် တော့ အဆင် ပြေပါ တယ်။
JVKV ရဲ့ 在这里等你 Zai Zhe Li Deng Ni
(ဒီနေရာမှာ စောင့်နေတယ်)
1 体验(အတွေ့အကြုံ)
2 在这里等你 (ဒီနေရာမှာ ကိုယ်စောင့်နေမယ်)
3 你是我唯一的执着 (မင်းသာ ကိုယ့်အတွက်မပြောင်းလဲသော အရာ)
4 Listen to Your Heart (နှလုံးသားကို နားဆင်ပါ)
5 残念 (ရှုံးနိမ့်ဆဲ)
6 爱不停止 (အချစ်က မရပ်တန့်ဘူး)
7 七天- (၇)ရက်
8 白 (အဖြူရောင်)
9 无所谓 (အရေးမကြီးဘူး)
10 我没有办法离开你 (ကိုယ် ဘယ်လိုမှ ခွဲမသွားနိုင်ဘူး)
(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)
No comments:
Post a Comment