Tuesday, May 13, 2008

Zhang Shao Han - Doll's Eye

ဂျ ပန် မ လေး နဲ့ တူ တဲ့ အန် ဂျ လာ ချန်း (ချန်း စို ဟန်) ကို ကျ နော် အ ရင် သိ စဉ် က "လာ ပြန် ပြီ နောက် ထပ် ရုပ် ရှင် မင်း သ မီး တစ် ယောက် သီ ချင်း ဆို ပြန် ပြီ" လို့ဆိုပြီး အ ထင် သိပ် မ ကြီးခဲ့ တာ အ မှန် ပါ။ ပ ထ မ ဆုံး သူ့ခွေ ဖြစ် တဲ့ Yu Yan (ပုံပြင်) ထွက် တော့ နည်း နည်း တော့ ဖြုံ သွား ခဲ့ ပါ တယ်။ နောက် တော့ ကျ နော် ကြိုက် တဲ့ အမျိုး သ မီး အ ဆို ရှင် ထဲ မှာ အ ပါ အ ၀င် တစ်ယောက် ဖြစ် လာ ခဲ့ ပါ တယ်။

ထိုင်ဝမ် မှာ မွေးပြီး ၁၂နှစ် သမီး အရွယ် ထဲက ကနေဒါ နိုင်ငံ မှာ ကြီးပြင်း ခဲ့ သူ ဖြစ်ပြီး ငယ်စဉ် ကတည်း က ဂီတကို ၀ါသနာ ပါခဲ့ ပါ တယ်။ ငယ်ငယ်က ဗန်ကူးဗားမှာ အဆိုပြိုင်ပွဲ ၀င်ပြိုင် တုန်း က တည်း က အင် ဂျ လာ ဟာ တစ်နေ့ မှာ အောင်မြင်တဲ့ အဆိုရှင်တစ်ဦး ဖြစ်ရမယ်လို့ ရည်မှန်းခဲ့သူပါ။ အကြောင်း အမျိုးမျိုးကြောင့် သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့ ပေမယ့် နောက်ဆုံး မှာ တော့ ဂီတ လိုင်းကို ပြန်လည် ခြေချ ခဲ့ပါတယ်။ သူဟစ် ဖြစ်ခဲ့ တာ ကတော့ pandora ဆိုတဲ့ album ရောက်မှပါ။ သူမရဲ့ အသံကိုတော့ ပြောရရင် ကလေး တစ်ယောက်ရဲ့ အသံနဲ့ တူတယ်လို့ပဲ ဆိုရမလားပဲ။ အသံ သေးသေး လေးပေမယ့် ပါဝါရှိ တယ်။ သူနဲ့ လိုက်မယ့် ကီးကို ရအောင် ညှိဆိုနိုင် တဲ့ အတွက် သီချင်း တွေက လိုက်ဖက်ပြီး နားထောင် ကောင်းတဲ့ သီချင်းတွေ ဖြစ်လာ ခဲ့ပါတယ်။ unique ဖြစ်တဲ့ အသံပါ။ နားထောင်လိုက်တာနဲ့ ဒါ အင်ဂျလာဆိုထားတာ လို့ တန်းပြောနိုင်ပါတယ်။ ခုဆိုရင် သူ့အသက် ၂၆ ရှိပါပြီ။ ရှေ့လျှောက် အောင်မြင်ဖို့ အများကြီး လမ်းစရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ တီဗွီ ဇာတ်လမ်းတွဲ တွေတော်တော် များများမှာ ၀င်ရောက် သရုပ်ဆောင်ခဲ့ပါတယ်။


မ နှစ် က ထွက် ခဲ့ တဲ့ အိပ် မက် ထဲ က ပန်း အ ခွေ က တော့ သူ့ ခွေ တွေ ထဲမှာ ကျ နော် အ ကြိုက် ဆုံး ပါ ပဲ။ သူ့ရဲ့ တစ်ကိုယ် တော် ၄ ခွေ မြောက် ဆိုလည်း မမှား ပါဘူး။ ဒီ အ ခွေ မှာ အင်ဂျလာ ဟာ အဆို ပညာ အ များ ကြီးကို ရင့် ကျက် လာ တာ တွေ့ ရ ပါ ပြီ။ ဒီနှစ် စ တုန်း က Ang 5.0 ဆိုတဲ့ သူမရဲ့တစ်ကိုယ်တော် သီချင်း အသစ် အခွေ ထွက်ရှိ ခဲ့ပါတယ်။ ဒီ ခွေ မှာ သီ ချင်း စ တိုင်လ်တွေ နည်း နည်း ပြောင်း သွား ပေ မယ့် သီချင်း ကျော ရိုး က တော့ သူဆိုနေကျ စ တိုင်လ် ပါ ပဲ။ ဝေ ဖန် ရေး တော် တော် များ များ က ဒီခွေကို သိပ် မကြိုက် ကြ ပါ ဘူး။ ဂျေချိုး တစ်ပုဒ် ၀င်ပြီးရေးပေးထားတာလည်း တွေ့ရပါတယ်။ စတုတ္ထမြောက် သီချင်း Chuang Bian Gu Shi ကိုတော့ ဒီ ခွေမှာ အကောင်းဆုံးလို့ အားလုံးက လက်ခံထားကြပါတယ်။

潘朵拉 (Pan Duo La / Pandora) ပင်ဒိုရာ
01 隐形的翅膀 (Yin Xing De Chi Bang) မမြင်နိုင်တဲ့ တောင်ပံများ
02 潘朵拉 (Pan Duo La) ပင်ဒိုရာ
03 香水百合 (Xiang Shui Bai He) ရေမွှေးပန်း
04 真的 (Zhen De) တကယ်ပါ
05 最近 (Recently) အနီးဆုံး
06 惊天动地 (Jing Tian Dong Di) ငလျင်
07 保护色 (Bao Hu Se) တားမြစ်အရောင်
08 口袋的天空 (Kou Dai De Tian Kong) ကောင်းကင်ရဲ့ အိပ်ကပ်ထဲ
09 爱情旅程 (Ai Qing Luu Cheng) ချစ်ခရီး
10 喜欢你没道理 (Xi Huan Ni Mei Dao Li) အကြောင်းမဲ့ချစ်ခြင်း
11 永昼 (Yong Zhou) အဆုံးမရှိတဲ့နေ့
12 手心的太阳 (Shuo Xin De Dai Yan) နေမင်းလက်ဝယ်

梦里花 (Meng Li Hua) အိပ်မက်ထဲက ပန်းပွင့်လေး
01 梦里花 (Meng Li Hua) အိပ်မက်ထဲက ပန်းပွင့်လေး
02 不痛 (Bu Tong) နာကျင်မဲ့
03 C大调 C Major
04 样子(Yang Zi) ရုပ်လွှာ
05 幻想爱(Huan Xiang Ai) အချစ်ကိုစိတ်ကူးယဉ်

Ang 5.0 အန် ၅.ဝ

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)


Wednesday, May 7, 2008

Fan Wei Qi - Nature's Diva

2000 နှောင်းပိုင်း မှ သိ ခဲ့ ရ တဲ့ female singer တွေ ထဲ မှာ 范玮琪 Fan Wei Qi (Fan Fan) ကို ကျ နော် အ လွန် ကြိုက် နှစ်သက် ပါ တယ်။ သူ့ ဟာ သူ များ နဲ့ မ တူ တဲ့ natural look နဲ့ natural voice တွေ ကို ပိုင် ဆိုင် ထား တဲ့ အ မျိုး သမီး အ ဆို ရှင် တစ် ဦး ပါ။ နောက် တစ် ခု ကျ နော့် ကို စွဲ ဆောင် နိုင် တာ က သူ ဆို ထား တဲ့ အချို့သော သီချင်းတွေဟာ သာမန် ထက် ထူးခြားတဲ့ pitch အနိမ့် အမြင့် နဲ့ ထူးခြားတဲ့ note သွားတဲ့ ပုံစံပါပဲ။ ရိုးရိုး ရှင်းရှင်း လေးနဲ့ high note တစ်ခုခု ကို မမျှော်လင့်ပဲ ခုန်တက် သွားတဲ့ သူ့သီချင်းတွေရဲ့ သံစဉ် သွားပုံဟာ ရင်ခုန်ဖွယ် အလွန် ကောင်း ပြီး အလွန် feel ရှိ ပါ တယ်။ recent album 哲学家 Zhe Xue Jia (philosopher) album ထဲက 是非题 Shi Fei Ti (ငြင်းခုံခြင်း) သီချင်း လိုမျိုး ငြိမ့်ငြိမ့် လေးနဲ့ နားထောင် ပြီးရင် သံစဉ် စွဲကျန်ရစ် ခဲ့တဲ့ သီချင်း မျိုး တွေကို fan fan အများ ကြီး ဆိုခဲ့ ဘူးပါတယ်။ အမေရိကန် နိုင်ငံ အို ဟိုင်း ယိုး မှာ မွေး တဲ့ တိုင်ဝမ် သူလေးကို စတင်ပြီး သိလာတာ 真善美 zhen shan mei (သီချင်းတွေရဲ့သံစဉ်) album ထဲက 可不可以不勇敢 ke bu ke yi bu yong gen (စွမ်းအားမဲ့) ဆိုတဲ့ သီချင်းနဲ့ပါ။ အရမ်း နားထောင် ကောင်းပြီး မမျှော်လင့်တဲ့ note တွေကို သူ့ရဲ့ natural voice လေးနဲ့ pitch တင်သွားတာ ဟာဖြင့် ဘယ်လိုမှ ပြောမပြ တတ်လောက် အောင် လှပပြီး နားထောင် ကောင်းလွန်းပါတယ်။ အဲဒီ album ထဲကပဲ 那些花儿 na xie hua er (ပန်းပွင့်လေးများ) ဟာလည်း အလွန် ကောင်းတဲ့ သီချင်း တစ်ပုဒ်ပါ (အဲဒီသီချင်းကို ဆုန်သင်းပါရ် ရဲ့ "မင်းကို" စီးရီး မှာတောင် copy လုပ်ပြီး ပြန်ဆိုထား ပါသေးတယ်)။

ဖန်းဖန် ဟာ ခ ရစ် ယာန် ဘာ သာ ၀င် တစ် ဦး ဖြစ် ပြီး မွေး ချင်း ထဲ မှာ အ ကြီး ဆုံး ဖြစ် ပြီး မောင် တစ် ယောက် ညီမ တစ် ယောက် ရှိ ပါ တယ်။ သီ ချင်း သီ ဆို ခြင်း အ ပြင် စာ ရေး ခြင်း ကို လည်း ၀ါ သ နာ ပါ သူ ပါ။ သူ အကြိုက် ဆုံး အစား အစာ တွေ ထဲ မှာ ပင်လယ်စာ ဟာ ထိပ် ဆုံး မှ ပါ ၀င် ပြီး ၀က်စွပ်ပြုတ် ကိုလည်း ကြိုက်နှစ်သက်ပါတယ်တဲ့။ အဟဲ ဖန်းဖန်ဟာ အစားအသောက် တော့ အတော် ခုန်မင်ပုံ ပေါက်ပါတယ်။ ညစာ မ၀ပဲနဲ့ အိပ်ရာဝင်ရတာ သူ့အတွက် တော့ အမုန်းဆုံး ပါပဲတဲ့ ။ သူအနှစ်သက်ဆုံး အနုပညာရှင်တွေထဲမှာ ကိုရီးယားမင်းသား Rain တို့ အဆိုတော် DAVID TAO တို့ ၀မ်ဖေးတို့လည်း ပါဝင်ပါတယ်တဲ့။ ခရီးထွက်ခြင်းကို ခုံမင်ပြီး ဟာဝါရီတို့ ဒူဘိုင်းတို့ ဂျေရုစလင်တို့ဟာ သူ ထိပ်ဆုံးက သွားချင်တဲ့ နေရာများ ပါတဲ့။ ပန်းချီ လည်း ဆွဲပါတယ်တဲ့။ ဖော်ပြထားတဲ့ ပုံတွေက သူမရဲ့ လက်ရာတွေပါပဲ။ ဖန်းဖန် စင်္ကာပူက နီအန်း ပေါ်လီမှာ တစ်ခါလာရောက် ဖျော်ဖြေဖူးပါတယ်။ အဲဒီတုန်းက ဆို ကျောင်းသားတွေနဲ့ တရင်း တနှီးပါပဲ၊ အမေရိကန် သံနဲ့ အင်္ဂလိပ် စကားကို ပြောသွားတာ ဒီက စင်္ကာပူလေသံနဲ့ ကျောင်းသူ ကျောင်းသား တွေ အားလုံး ပါးစပ် အဟောင်း သား ဖြစ် ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀မှာ ဂီတ ဆိုတာ ဘယ်လောက် အရေးပါကြောင်း ပြောပြရင်း သီချင်းလေးတွေ သီဆို သွားခဲ့ဖူးပါတယ်။ ဖန်းဖန်ဟာ ကျော်ကြားမှုမှာ ထိပ်ဆုံးက တရုတ် အဆိုတော် တွေနဲ့ မယှဉ်နိုင် ပေမယ့် သူ့သီချင်း တွေ နဲ့ သူ့အဆို standard ကိုတော့ အားလုံးက အသိအမှတ် ပြုရ လောက်ပါ ပေတယ်။ အဆင့် ရှိတဲ့ love song ကောင်းကောင်း လေးတွေ ကို နား ထောင် ချင်ရင် တော့ fan fanကိုပဲ recommend လုပ်ပါ ရစေ။


哲学家 (မှော်ဆရာ)
01 哲学家 (မှော်ဆရာ)
02 是非题 (ငြင်းခုံခြင်း)
03 小眼睛 (မျက်ဝန်းငယ်)
04 你只有一个 (တစ်ယောက်ထဲသော)
05 小亲亲 (ညီမလေး ချင်းချင်း)
06 诚实 (အရိုးသားဆုံး)
07 不能跟情人说的话 (ချစ်သူတွေကြား လျှို့ဝှက်စကား) လျူရို့ယင်း နှင့် တွဲဖက်သီဆိုပါသည်။
08 黑暗面 (အမှောင်ကမ္ဘာ)
09 你是答案 (မင်းလေးသာအဖြေပါ)
10 范范之辈 (ဖန်းဖန် နောက်ဆက်တွဲ)
(interlude များကို ချန်ထားခဲ့ပါသည်။)

真善美 (သီချင်းတွေရဲ့သံစဉ်)
01 那些花儿 (ပန်းပွင့်လေးများ)
02 好寂寞 (အထီးကျန်) ကွမ်းလျံ နှင့်တွဲဖက် သီဆိုပါသည်။
03 我就是这样 (ကိုယ် ကတော့ ဒီလိုပါပဲ)
04 我们之间的事 (တို့ရဲ့ အကြောင်း)
05 可不可以不勇敢 (စွမ်းအားမဲ့)
06 永恒 (ထာဝရ)
07 葡萄酒作怪 (စပျစ်ဝိုင်)
08 你 (မင်း)
09 no matter (ဘာဖြစ်ဖြစ်)
10 启程 (ခွဲခွာခြင်း)
11 有你真好 (မင်းရှိမှ)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)


Thursday, May 1, 2008

Fahrenheit - Girls' Heartthrob

ကျီရို ၀မ်၊ ကယ်လ် ဗင် ချန်း၊ ၀ူ ချွန်း နဲ့ အာ ရွန် ရန် ဆိုတဲ့ ထိုင် ၀မ် က ချာ တိတ် (၄) ယောက် နဲ့ ဖွဲ့ ထား တဲ့ 飞轮海 (ဖေး လွန်း ဟိုင် ) Fahrenheit ဟာ လူ ငယ် ပရိ သတ် တွေ ကြား မှာ အောင်မြင် လွန်းလို့ the next F4 လို့ အားလုံး က သတ်မှတ် ကြပါတယ်။ သူတို့ ရဲ့ ငယ်ရွယ် သန့် ပြန့် တဲ့ ရုပ် ရည် နဲ့ လူ ငယ် ကြိုက် နား ထောင် ချင် စ ဖွယ် သီ ချင်း လေး တွေ က လည်း ကောင် မ လေး ပ ရိ သတ်တွေ အ တွက် တော့ စွဲ ဆောင် စရာ တစ်ခု ဖြစ် နေ ပါတယ်။ CDRama မှာ တွေ့နေ ရတာ ကြာပါပြီ၊ ကျ နော် က လည်း "ဖေး လွန်း ဟိုင်" ဆို မျောက် ပြ ဆန် တောင်း အ ဖွဲ့ လောက် ပဲ သိပ် အဆင့်ရှိ တယ်လို့ သတ်မှတ် တာမဟုတ်။ သိပ် မကြိုက် တာက သူ တို့ရဲ့ သီချင်းတွေက သိပ်ပြီး ကောင်းတာ လည်း မဟုတ်၊ ရုပ်လေးတွေပြ အိုက်တင်များပြီး ကျော်ကြားနေ ကြသလိုပါပဲ။ ကျနော် သိပ် ကြည့်မရတဲ့ အဖွဲ့ပေါ့။ ထားပါလေ။

အခု သူတို့နောက်ဆုံးထွက်ထားတဲ့ ခွေက 双面飞轮海 Shuang Mian Fei Lun Hai (နှစ်မျက်နှာ ဖာရင်ဟိုက်) လို့ အမည် ရပါတယ်။ ထိုင်ဝမ်က ထုတ်တဲ့ခွေမှာ သီချင်းသစ် (၁၁)ပုဒ်ပါပြီး 新窝 Xin Wo (နေရာသစ်) လို့ အမည် ရတဲ့ သာမန်ထက် မထူးတဲ့ သီချင်းမြူး လေးနဲ့ စပြီးဖွင့်ပါတယ်။ ဒုတိယ တစ်ပုဒ် ဖြစ်တဲ့ 为你存在 Wei Ni Cun Zai (မင်းအတွက် ဖြစ်တည်ခြင်း) ကတော့ အချစ် သီချင်းရိုးရိုးလေး တစ်ပုဒ်ပါ။ 出神 入化 Chu Shen Ren Hua (trace ဂီတစီးဆင်းမှု) ကတော့ သာမန် dance အမျိုး အစား သီချင်း လေး တစ်ပုဒ်ပါပဲ။ 不会爱 Bu Hui Ai (မချစ်တတ်ဘူး) သီချင်း ကသူတို့ရဲ့ သီချင်းဒီခွေမှာ ကျနော် အကြိုက်ဆုံး သီချင်းပါ။ ".. မင်း ငါ့အချစ်ကို မချစ်တော့ဘူး ... ငါနား လည်ခဲ့ရပြီ ... " ဆိုတဲ့ chorus ကတော့ တကယ့် ကိုဆွေးမြေ့စရာပါ။ နားထောင်ကြည့်ပါ၊ ဒီသီချင်း က တော့ တကယ် ကို နား ထောင် ပျော် တဲ့ အ ချစ် slow သီချင်း လေး တစ် ပုဒ် ပါ။ နောက် တစ် ပုဒ် ဖြစ်တဲ့ Ti Amo ကို ထိုင် ၀မ် က အ ဆို တော် အာရွန် နဲ့ 刘力扬 (လိရန်) တို့ တွဲ သီ ဆို သွား တာ လည်း အ လွန် ကောင်း တဲ့ တေး သွား လေး ပါ။ ဒါ ပေ မယ့် ဒီ သီ ချင်း ကို ဖာရင် ဟိုက် ပ ရိ သတ် က သိပ် အား မ ရ ပါ ဘူး။ အ ဓိ က က တော့ အာရွန် အ သံ က off tune ဖြစ် တာ ရယ်၊ Chorus က သိပ် စွဲ ဆောင် မှု မ ရှိ တာရယ် ကြောင့် ပါ တဲ့။ ကျ နော် က တော့ ဒီ သီချင်းလေးကို ကြိုက်ပါတယ်။ X Family OST မှာ အာရွန် ဖျော်ဖြေ သွားတာကို ဒီမှာ ကြည့်ကြပါ။ (ဒီမှာ ကြုံတုန်း I Love You ကို အီတလီ ဘာသာနဲ့ Ti Amo လို့ ဆိုပါတယ်။ ဒီသီချင်းမှာ Sarang Heyo လို့လည်း ကိုရီးယား ဘာသာစကား နဲ့ ပြောပါတယ်။ I Love You ကို ဘာသာ စကား အမျိုးမျိုး နဲ့ ပြောတာ ဒီမှာ ကြည့်နိုင်ပါတယ်။ အသုံးဝင်မှာပါ။) 爱的王道 အိုက်သက်ဝမ် တောက် (အချစ်ရဲ့ သရဖူ) ကတော့ သာမန် အချစ် သိချင်းရိုးရိုး လေးပါပဲ။ Reggae နည်းနည်း ဆန်တယ် ပြောမလား၊ သူတို့ ရဲ့ စတိုင်လ် တစ်မျိုး ပေါ့ဗျာ။ 心里有数 Xin Li You Shu (ရင်တွေခုန်) ကျပြန် တော့ လည်း ရယ်စရာ tune တစ်ပုဒ် ပါပဲ။ Johann Pachelbel ရဲ့ ဂန္ထ၀င် Canons ကို ရက်ရက် စက်စက် ကို သူတို့မို့ ထည့်ထား ရက် တယ်ဗျာ (မသိသေးရင် ဒီမှာ နားဆင်ပါ။) Rap လုပ် တဲ့ အ ပိုင်း မှာ သူတို့ က Canons ကို Remix ပြန်လုပ်ထားတယ် (tune တော်တော်ဆင်တယ် Canons ပဲ ဖြစ်မှာပါ) ။ ဒီ သီချင်းလေး သီချင်းလေး ကောင်းပါတယ်။ 明日香 Ming Re Xiang (မနက်ဖြန်ရနံ့) က တော့ 为你存在 တို့ 夏雪 တို့ကို ကြိုက်ရင် ဒီ သီချင်း လေး ကို နှစ်သက် မှာပါ။ 至少还有我 Zhi Shao Hai You Wo (အနည်းဆုံး ငါရှိနေမယ်) နဲ့ 一万个快乐 Yi Wan Ge Kuai Le (ပျော်ရွှင်မှု အခုတစ်သောင်း) သီချင်းတွေ ကတော့ ဘာမှ ထူးထူး ဆန်းဆန်း မရှိပဲ သိပ်ကို ရိုးစင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ တစ်ချို့ အပိုင်းတွေမှာ harmony မလုံ လောက် ဘူးလို့ ထင်ပါတယ်။ အာရွန်နဲ့ ကယ်လ်ဗင် ဆိုတဲ့ အပိုင်း တွေကို ကြိုက်ပေ မယ့် တစ်ခြား နှစ်ယောက် ဆိုတဲ့ အပိုင်းမှာ vocal တွေက ခံစား ချက် မပါ သလို (အသံတွေ လည်း jerky ဖြစ်နေ ပါတယ်) ဆို နေ ကြပါတာ က လွဲလို့ အားလုံး ကောင်း ပါတယ်။ 小小大人物 Xiao Xiao Da Ren Wu (VIPလေးတွေ) မှာ သူတို့ rap ထားတာက မစ်ကီမောက်စ် အသံတွေလိုပါပဲ။ တချို့ဆို Texas Chainsaw Massacre ထဲက cutting saw ကြီး reeving sound နဲ့ တူတယ်လို့ တောင် ပြောကြပါတယ်။ 超喜欢你 Chao Xi Huan Ni (မင်းကိုအရမ်းချစ်) ကတော့ cameo သက်သက် သီချင်းမြူး တွေပါ။ ဒီခွေကတော့ သိပ်မဆိုးပါ။ သီချင်း မြူးတွေက လွဲလို့ အချို့ ballad လေးတွေ အတော်ကောင်းပါတယ်။ သူတို့ရဲ့ သီချင်း စတိုင်လ် က climax မရှိဘူး လို ဖြစ်နေတာ ဆိုတော့ ပြောရရင် နားထောင်လို့တော့ ကောင်းပါတယ်။ classic မဖြစ်ဘူးပေါ့ဗျာ။ vocal ပိုင်းမှာတော့ သူတို့ရဲ့ ဒုတိယမျက်နှာ ခွေဟာ သူတို့ရဲ့ ထွက်ကာစခွေနဲ့ စာရင် ဘာမှ ပိုပြီး ထူးခြားမှုရှိတာ မတွေ့ရပါဘူး။ သာမန်မျှပါပဲ။ သီချင်းလေးကောင်းလေးတွေမို့ ကောင်မလေးများ အားပေးဖို့ အသင့်သာပြင် ထားပေတော့ဗျို့။ ။

ဖေးလွန်းဟိုင် (Fahreneit) 双面飞轮海 Shuang Mian Fei Lun Hai
(နှစ်မျက်နှာ ဖာရင်ဟိုက်)

01 新窝 Xin Wo (နေရာသစ်)
02 为你存在 Wei Ni Cun Zai (မင်းအတွက် ဖြစ်တည်ခြင်း)
03 出神 入化 Chu Shen Ren Hua (trace ဂီတစီးဆင်းမှု)
04 不会爱 Bu Hui Ai (မချစ်တတ်ဘူး)
05 Ti Amo (မင်းကိုချစ်တယ်)
06 心里有数 Xin Li You Shu (ရင်တွေခုန်)
07 明日香 Ming Re Xiang (မနက်ဖြန်ရနံ့)
08 至少还有我 Zhi Shao Hai You Wo (အနည်းဆုံး ငါရှိနေမယ်)
09 一万个快乐 Yi Wan Ge Kuai Le (ပျော်ရွှင်မှု အခုတစ်သောင်း)
10 小小大人物 Xiao Xiao Da Ren Wu (VIPလေးတွေ)
11 超喜欢你 Chao Xi Huan Ni (မင်းကိုအရမ်းချစ်)

(မှတ်ချက်။ ။ လင့်များသေနေပါက ကျေးဇူးပြုပြီး ဒီမှာ အကြောင်းကြားပါ။)